Leave a comment

ကိုယ်အလေးချိန်လျော့ချပေးမည့် အစားအစာ ၉ မျိုး

image

ကိုယ်အလေးချိန်လျော့ချပေးမည့် အစားအစာ ၉  မျိုး

အစားအစာ စားသုံးပြီး အလေးချိန်လျော့ချနိုင်မယ်ဆိုတာ ဟုတ်ပါသလား။ သံသယမရှိပါနှင့်။ သင်အသုံးပြုသော ကယ်လိုရီထက် စားသုံးသော ကယ်လိုရီက လျော့နည်းနေရင် သင် ၀ိတ်ကျလာမှာ အမှန်ပါ။
အချို့အစားအစာတွေက သင့်ကို ၀ိတ်ကျစေမှာဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာခံစေပြီး စားချင်စိတ်ကို လျော့ကျစေပါတယ်။
အချို့ကတော့ သင့်ရဲ့ Metabolism ကိုတောင် မြင့်တက်လာစေပါတယ်။ ဒါကြောင့် သင် စူပါမားကတ် သွားမယ်ဆိုရင် အောက်ပါစာရင်းလေးကို ယူသွားပါ။

၁. ပဲအမျိုးမျိုး
ဈေးသက်သာတယ်။ ဗိုက်ဝစေတယ်။ အမျိုးမျိုးပြု လုပ် စားသုံးလို့ရတယ်။ ပရိုတင်းဓါတ် ဖြည့်စီးပေးတယ်။ ပဲတွေမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါပြီး ချေဖျက်ရာမှာ အချိန်ယူပါတယ်။ ဒါကြောင့် ကြာရှည်စွာ ဗိုက်ဝစေပြီး ခဏခဏဗိုက်ဆာခြင်းကနေ ကာကွယ်ပေးပါတယ်။

၂. ဟင်းရည်
အစာမစားမီမှာ ဟင်းရည်တစ်မျိုးမျိုးသောက်ပါ။ အစာစားတဲ့ ပမာဏလျော့နည်းလာတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဟင်းရည်ကြည် အမျိုးအစားကိုပဲ ချက်ပြုတ်ဖို့ အကြံပေးလိုပါတယ်။

၃. ချောကလက်အမည်း
အစာစားပြီး ချောကလက်လေး စားချင်ပါသလား။ အမည်းရောင်ချောကလက်ကို ရွေးခြယ်ပါ။ လေ့လာမှုများအရ အမည်းရောက်ချောကလက်စား ထားတဲ့လူတစ်ယောက်က နောက်ထပ်အစာတစ်နပ် စားချိန်မှာ အစား ၁၅ ရာခိုင်နှုန်းလောက် လျော့စားတာ ကို တွေ့ရပါတယ်။

၎. အသီးအနှံ
မပါမဖြစ်ကတော့ အသီးအနှံများပေါ့။ ဈေးနှုန်းလည်း သက်သာတယ်။ ကယ်လိုရီလည်း နည်းတယ်။ ဗိုက်လည်း ၀စေပါတယ်။

၅. ကြည်ဥနှင့် ကြက်အူချောင်းများ
အသားဓါတ်များ သော နံနက်စာက သင့်ကို တစ်နေ့တာ လုံး မုန့်ပဲသွားရေစာ စားသုံးခြင်းကို လျော့ချပေးပါ လိမ့်မယ်။  နံနက်စာကို အသားဓါတ် များများနှင့် ၃၅၀ ကယ်လိုရီလောက်စားထားပါက ညနေစောင်းတဲ့အထိ အစာခံတာကို တွေ့ရပါတယ်။

၆. အခွံမာသီးများ
အခွံမာသီးများ စားထားတဲ့လူတစ်ယောက်က အစာစား တဲ့ပမာဏလျော့ကျသွားတာကို လေ့လာမှု များအရ တွေ့ရှိထားပါတယ်။

၇. ပန်းသီး
ပန်းသီးဖျော်ရည်နှင့် ပန်းသီးဆော့များကို မဆိုလိုပါ။ ပန်းသီးကို အလုံးလိုက်ကိုက်စားခြင်းက အစာစားချင် စိတ်ကို ထိန်းပေးပါတယ်။ ပြီးတော့ သစ်သီးများကို ဒီတိုင်းစားသုံးခြင်းက အမျှင်ဓါတ်ကို ပိုရစေပါတယ်။ ပြီးတော့ ၀ါးစားနေရခြင်းက သင့်ဦးနှောက်ကို အစား စားသုံးနေခြင်းအဖြစ် အချက်အလက်ပို့ဆောင် ပေးခြင်းဖြင့် ဗိုက်ဆာခြင်းကို ပြေပျောက်စေပါတယ်။

၈. ဒိန်ချဉ်
လူအယောက် တစ်သိန်းကျော်ကို ၁၀ နှစ်ကျော်လေ့လာ မှုများပြုလုပ်ပြီးနောက် တွေ့ရှိချက်များအရ အစား အစာများ အားလုံးထဲတွင် ဒိန်ချဉ်သည် ကိုယ်အလေးချိန် ကို သိသာစွာ လျော့ချပေးနိုင်သော အစားအစာဖြစ်သည်။

၉ . ဂရိတ်ဖုသီး
ဂရိတ်ဖုကလည်း သင့်ကို ၀တ်ကျစေမှာပါ။ အထူးသဖြင့် ဆီးချိုဖြစ်နိုင်တဲ့ လူတွေအတွက် ပိုသိသာပါတယ်။ San Diego မှ Scripps Clinic ၏ လေ့လာချက်များအရ အ၀လွန်သောလူများသည် အစာမစားမီ ဂရိတ်ဖုသီး တစ်ခြမ်းစားထားပါက ၁၂ ပတ်လောက်ကြာသောအခါ ၃ ပေါင်ခွဲခန့် အလေးချိန် လျော့ကျသွားတာကို သိခဲ့ရပါတယ်။ ဂရိတ်ဖု ဖျော်ရည်သောက်ခြင်းကလည်း တူညီတဲ့ ရလာဒ်ပေးစွမ်းပါတယ်။ ဂရိတ်ဖုသီးက အဆီကို လောင်ကျွမ်းစေတာမဟုတ်ပါဘူး။ အစာစားချင်စိတ်ကို လျော့ချပေးတာပါ။ ဒါပေမယ့် ဂရိတ်ဖုကို စားမယ်ဆိုရင် ကိုယ်သောက်နေကျဆေးတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင် ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဆေးအညွန်း မှာသေချာဖတ်ပါ။

ဈေးဝယ်ချိန်မှာ သတိထားပါ။
သင့်ဈေးဝယ်ခြင်း ထဲမှာ အဆီမပါသောအသားများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အနှံပင်များ ပါဝင်ပါစေ။

Presented By
#G_Trim_The_Natural_Fat_Burner

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: