Leave a comment

နယူးယောက် ပြည်နယ်၏ သမ္မတလောင်း ရွေးချယ်ပွဲတွင် ဒေါ်နယ်ထရန့် နှင့် ဟီလာရီ ကလင်တန်တို့ အနိုင်ရ

image

image

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်တွင် ဧပြီ ၁၉ ရက်က ကျင်းပခဲ့သည့် သမ္မတလောင်း ရွေးချယ်ပွဲတွင် ဘီလျံနာ သူဋ္ဌေး ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဟီလာရီ ကလင်တန်တို့က အနိုင်ရသွား ခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် ပါတီကိုယ်စားပြု သမ္မတ ကိုယ်စားလှယ်များ ဖြစ်လာရေးမှာ နီးကပ်သထက် နီးကပ်လာပြီ ဖြစ်သည်။

ယခု နယူးယောက် သမ္မတလောင်း ရွေးချယ်ပွဲတွင် ရီပတ်ဘလေကင်ဘက်မှ ထရန့်သည် ထောက်ခံမဲ ၆၀ ရာခိုင်နှုန်း ရရှိကာ အနိုင်ရရှိသွားခြင်း ဖြစ်သည်။ ၎င်း၏ပြိုင်ဘက် တက်ခရုဇ်က ထောက်ခံမဲ ၁၄ ဒသမ ၉ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အိုဟိုင်းယိုး အုပ်ချုပ်ရေးမှူး ဂျွန်ကာစစ်က ၂၅ ရာခိုင်နှုန်း မဲရရှိခဲ့သည်။ “ဆီနိတ်တာခရုဇ်ကတော့ အရှုံးနဲ့ ထွက်ရပါတော့မယ်” ဟု အသက် ၆၉ နှစ်အရွယ် ထရန့်က မန်ဟက်တန်တွင် သူအား ၀ိုင်းဝန်းသြဘာပေးနေကြသည့် ထောက်ခံသူများ ကို ပြောကြားခဲ့သည်။

အသက် ၆၈ နှစ်အရွယ် ဟီလာရီက လင်တန်က ထောက်ခံ မဲ ၅၇ ဒသမ ၇ ရာခိုင်နှုန်း ရရှိကာ ပြိုင်ဘက် ဘာနေးဆန်းဒါးက ၄၂ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ ကလင်တန်သည် ဆန်းဒါး၏ ထောက်ခံသူများကိုလည်း ငြိမ်းချမ်းရေးစကား ပြောခဲ့ကြောင်း သိရသည်။ အသက် ၇၄ နှစ်အရွယ် ဆန်းဒါးသည် အခမဲ့ ကောလိပ်ပညာရေး၊ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု အစရှိသည့် မဲဆွယ်မှု များကြောင့် လူငယ်မဲပေးသူများစွာ၏ ထောက်ခံမှုကို ရရှိထားသူဖြစ်သည်။

နယူးယောက်ပြည်နယ်၏ သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ဦးရေသည် ဒီမိုကရက်ဘက်တွင် ၅ ဒသမ ၈ သန်းနှင့် ရီပတ်ဘလေကင်ဘက်တွင် ၂ ဒသမ ၇ သန်း ရှိကြောင်း သိရသည်။

■ Ref: AFP

■ Photo: AFP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: