Leave a comment

နာရီဝက် အတွင်း အမေရိကန်သို့ ရောက်ရှိ နိုင်သည့် ဒုံးကျည်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်နိုင်

image

ဧပြီ ၂၁၊ ၂၀၁၆
M-Media

– တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန် အောင် ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည် သစ်တစ်မျိုး ကို တရုတ်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Dongfeng-41 (DF-41) လို့အမည်ရတဲ့ အဲဒီ ဒုံးကျည် ဟာ သူ့ရဲ့ အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာ အဝေးဖြစ်တဲ့ ကီလိုမီတာ ၁၂၀၀၀ ကို ရောက်ရှိဖို့ မိနစ် ၃၀ သာ ကြာမြင့်ပြီး ကမ္ဘာပေါ်က နျူပိုင်ဆိုင်တဲ့ မည်သည့် နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ဂြိုဟ်တု ခြေရာခံ စနစ်ကနေ ဖမ်းယူနိုင်ခဲ့တယ်လို့ Washington Free Beacon သတင်းဌာနက ဖော်ပြခဲ့ပေမယ့် စမ်းသပ်ပစ် လွှတ်တဲ့ နေရာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ DF-41 ဒုံးကျည်ဟာ တန် ၈၀ လေးတဲ့အပြင် အဆင့် သုံးဆင့်ပါတဲ့ အခဲလောင်စာသုံးထားပြီး နျူထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

အဲဒီဖျက်အားပြင်းဒုံးကျည်ကို ဧပြီ ၁၃ ရက်နေ့က စမ်းသပ် ခဲ့တာဖြစ်ပြီး တရုတ်ကလည်း ဒီဒုံးကျည် စမ်းသပ်တာဟုတ်မှန်ကြောင်း ယမန်နေ့မှာ ပြောကြား ခဲ့ပါတယ်။

Ref: RT

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: