Leave a comment

မင်းသမီးလင်ဆေးလိုဟန် အစ္စလာမ်ဘာသာ ကိုကူးပြောင်းဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော်ပြောဆို

ပြီးခဲ့တဲ့နွေရာသီက လူမှုရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ပထမဆုံးနေ့မှာ ကိုရန်ကျမ်းစာအုပ်ကိုကိုင်ထားတဲ့ သူမရဲ့ဓာတ် ပုံကြောင့်   လူတွေကြားအငြင်းပွားဖွယ်ရာဖြစ်ခဲ့ရပါတယ်။

လင်ဆေးလိုဟန်ဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူမနှစ်သက်မြတ်နိုးတန်ဖိုးထားတယ်ဆိုတာ ကို နောက်ဆုံးမှာ ထုတ်ဖော်ပြောဆိုပြီး ကိုယ်ရောစိတ်ပါကျေနပ်နှစ်သက်စေဖို့ အစ္စလာမ်ဘာသာတရား ကို လေ့လာခဲ့တယ်ဆို တာကို ဖော် ထုတ်ပြောဆိုခဲ့ပါတယ်။

အသက်၂၉နှစ်အရွယ်ကြယ်ပွင့်ဖြစ်သူဟာ “ကျွန်မဟာတကယ်ကိုယုံကြည်သက်ဝင်တဲ့သူတစ်ယောက်ဖြစ်ပြီး ပွင့်ပွင့် လင်းလင်း ပဲလေ့ လာနေ တာ ဖြစ်တယ်” လို့ The Sun သတင်းစာကိုပြောဆိုခဲ့ပါတယ်။

လင်ဆေးလိုဟန်ဟာ အစ္စလာမ်ဘာသာကိုကူးပြောင်းသင့်သလား ဒါဆိုသူမဟာရှေ့ကကျော်ကြားသူတွေဖြစ်ကြတဲ့ မိုက်တိုင် ဆန်နဲ့ ဂျေနက်ဂျက်ဆန် တို့လိုပဲဘာသာကူးပြောင်းတဲ့သူတစ်ယောက် ဖြစ်သွားမှာဖြစ်ပါတယ်။

ဒါဟာလင်ဆေးလိုဟန်ရဲ့ တစ်ခြားဘာသာတရားတစ်ခုအပေါ်မှာ ပထမဆုံးအကြိမ် စိတ်ဝင်စားမှုကို ပြသ လိုက်ခြင်းလည်းဖြစ်ပါတယ်။ သူမဆယ်ကျော်သက်အရွယ်ကျော်ကြားစဉ်က Kabbalah အနီရောင်လက်ကောက် ကြိုးလေး ကို မကောင်းတဲ့ကံတရားတွေနဲ့ ကင်းဝေစေ ဖို့ အဆောင်အနေနဲ့ ၀တ်ခဲ့ပါတယ်။

“၀တ်ပြုနေချိန်မှာပဲဖြစ်ဖြစ် စိတ်တည်ငြိမ်အေးချမ်းအောင်တရားထိုင်ချိန်မှာပဲဖြစ်ဖြစ် ကျွန်မတကယ်ကိုခံစားရမိတယ်။ ကမ္ဘာပေါ်မှာ အရမ်းကိုအင်အားကြီးမားတဲ့အစွမ်းတွေရှိနေတယ်။ တစ်ခြားလူတွေနဲ့ အတွေ့အကြုံခြင်းဖလှယ်ဖို့ ဒီလိုလက်ဆောင်ကိုကျွန်မ ကံကောင်းပြီးရရှိ ခဲ့တာပဲဖြစ်တယ်” လို့သူမကပြောဆိုခဲ့ပါတယ်။

ဒီလအစောပိုင်းလောက်က သူမဟာ Egor Tarabasov ရဲ့ ၅ကာရက်လောက်ရှိတဲ့ မြစိမ်းရောင်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်း ခံထားရတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Source : Dailymail
ဘာသာပြန် : ညောင်နီရွက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: