Leave a comment

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ နိုင်ငံ အချင်းချင်းရဲ့ အကောင်းဆုံး ဆက်ဆံရေး

image

image

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ နိုင်ငံ အချင်းချင်းရဲ့
အကောင်းဆုံး ဆက်ဆံရေး

နေပြည်တော်-ဧပြီ၂၂

နိုင်ငံအချင်းချင်းရဲ့ အကောင်းဆုံးဆက်ဆံရေးဟာ အဲ့ဒီနိုင်ငံတွေက ပြည်သူတွေအချင်းချင်းဆက်ဆံရေး ပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထူတွေဟာလည်း  အခြားနိုင်ငံတွေက ပြည်သူတွေနဲ့ အတူ ကွဲပြားမှုများကို လေးစားနားလည်မှုရှိလာတယ်ဆိုရင် သံတမန်နည်းလမ်း ကို သိရှိကြမှာဖြစ်တယ်လို့လည်း  ဒေါ်အောင်ဆန်းစု ကြည် က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံ တကာသံတမန်များနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို ယနေ့တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့တာပါ။

ယခင်နှစ်များစွာက မြန်မာနိုင်ငံကို Burma လို့ခေါ်ဝေါ် သုံးနှုန်းခဲ့သော်လည်း နောက်ပိုင်းမှာတော့ Myanmar လို့သာခေါ်ဝေါ် သုံးနှုန်းနေမှုတွေအပေါ်ကိုတော့  အလျဉ်း သင့်သလို အသုံးပြုသွားမှာဖြစ်သလို နိုင်ငံတကာသံတမန်များအနေဖြင့်လည်း Burma လို့ခေါ်ဝေါ်သုံးစွဲနိုင်သလို၊ Myanmar လို့်လည်း အဆင်ပြေသလိုခေါ်ဝေါ်သုံးစွဲနိုင်ပါတယ်လို့  ဒေါ်အောင် ဆန်းစု ကြည်ကဆိုပါတယ်။

ယင်းအစည်းအဝေးအား ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပ သမ္ဂဂမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းအခြေစိုက် သံရုံး ၄၆ ခုမှ သံတမန်များအပြင် ပြည်ပအခြေစိုက် သံတမန် ၁၇ ဦးတို့လည်း တက်ရောက်ခဲ့တယ်လို့ အစည်းအဝေး တက် ရောက်လာတဲ့ စာရင်းများအရ သိရပါတယ်။

စိုင်းလမင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: