Leave a comment

“ဘာသာရေးလူမျိုးရေးအစွန်းရောက်မှု များကို လူငယ်များ ကန့်ကွက်ဆန္ဒပြ”

image

image

image

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဘာသာရေး၊ လူမျိုးရေး ခွဲခြားဖိနှိပ်မှုများ အတွက် အစွန်းရောက် လုပ်ရပ်များကို ကန့်ကွက်သည့် လူငယ်များက မျက်နှာဖုံး စွပ်ကာ ကန့်ကွက်ဆန္ဒပြမှု ယနေ့ (ဧပြီ ၂၅) ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင်ပြုလုပ်ခဲ့သည် ။

၂၀၁၂ ခုနှစ်နောက်ပိုင်း တောက်လောင် လာသည့် ဘာသာရေး လူမျိုးရေး ရှို့မီး သည် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်အမြောက်အမြားကို ဖျက်ဆီး ခဲ့ရုံမက ပြည်သူတစ်ဦးချင်း၏ လွတ် လပ်ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်ခွင့်ကိုပါ ခြိမ်းခြောက်ထိပါးခဲ့သောကြောင့် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း အဆိုပါ လူငယ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည် ။ နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံ စေတီတော်တွင် ဘာသာ ခြား လူမျိုးခြားဈေးသည်အပေါ် ရိုက်နှက် လုယက်ခဲ့သည့် ရာဇ၀တ်မှုကို အရေး ယူရန်နှောင့်နှေးနေသည့် တရား စီရင် ရေးစနစ်ကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး မတရား မှုဖြစ် ပွားသောနေရာတိုင်းတွင် ၀ိုင်းဝန်းတားဆီးပေး ကြ ရန် လူငယ်များ က တောင်းဆိုခဲ့ကြသည် ။
ဓာတ်ပုံ-စိုင်းဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: