Leave a comment

မြိုင်ကြီးငူ အတင့်ရဲ ရွှေဂွန်း ဗလီကိုဝိုင်း ထားပြီး ဘုရား အတင်းတည်ရန် ကြိုးစားနေ

image

image

image

image

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ် ရွှေဂွန်းအမှတ် ၅ ရပ်ကွက် ရှိ အစ္စလာမ် ဘာသာဝင်တို့၏ ဗလီအနီးတွင်  ပြီးခဲ့သည့်လက မြိုင်ကြီးငူဆရာတော် နှင့် အပေါင်း အပါ တစ်ဦး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ နေ့ခင်းကြောင်တောင် လာရောက် မြုပ်နှံခဲ့သည်။

ယနေ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်မှစပြီး အဆိုပါနေရာတွင် အဆိုပါမြိုင်ကြီးငူ ဆရာတော် နှင့် အဖွဲ့များက လူအုပ်စု အင်အားဖြင့် အတင်းအဓမ္မ ၀င်ရောက် ဘုရားတည်ရန်ကြိုးစားေ နကြ ကြာင်း နှင့် ဗလီကိုလည်း လုအုပ်ဖြင့် ၀ိုင်းထားကြောင်း သိရသည်။ ၎င်းတို့တွင် ကားရှစ်စီးအပြည့် လူနှင့် လက်နက် များပါလာကြောင်း မျက်မြင်များက ပြောသည်။

ဘုန်းကြီးများ ဦးဆောင်သော လူ ၂၀၀ခန့်ပါ လူအုပ်ကြီး က ထိုနေရာတွင် အလံလာစိုက်ပြီး ဘုရားတည်ရန် ကြိုးစား နေကြကြောင်း နှင့် လက်ရှိတွင် လူအုပ်မ၀င် နိုင်ရန်အတွက် ရဲတပ်ဖွဲ့က ကာကွယ်ပေးနိုင်ရန် ကြိုးစား နေကြပြီး ရုန့်ရင်းဆန်ခတ်ပြုသူ ဘုန်းကြီးများက အတင်း ဖွင့်ေ ပး ရန် တောင်းဆိုနေကြကြောင်း သိရသည်။

ည ၇ နာရီကျော် နောက်ဆုံးရသော သတင်းအရ အဆိုပါ ရုပ်ပွားတော် မြုပ် သွားရာနေရာကို စေတီတည်ရန် မြေများ အသင့်တူးပြီးသွားကြပြီဖြစ်ပြီး အုတ်မြစ်ချရန် မြိုင်ကြီးငူဆရာတော် ရန်ကုန်မှ ပြန်အလာကို စောင့်ဆိုင်း နေကြသည်ဟုဆိုသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့ အစရှိ သည်များအနေဖြင့် တရားဥပဒေကို စောင့်ရှောက် သင့် ကြောင်း နှိုးဆော်အပ်ပါသည်။ မေ စာင့်ရှောက်ဘဲ ဒီ အတိုင်း ထိုင်ကြည့်နေသည်ဆိုပါက  တိုင်းပြည်မကြာမီ မင်းမဲ့စရိုက်ဆန်ဆန် သူတလူငါတမင်းနှင့် ဖရိုဖရဲဖြစ် သွားမည်ဆိုလျှင် လူကြီးမင်းတို့မှာသာ လုံးဝတာဝန် ရှိနေကြောင်း အသိပေးအပ်ပါသည်။

သတင်းဌာနများ၊ စာနယ်ဇင်းများအနေဖြင့်လည်း သတင်း မှန်ကို ဘက်မ လိုက်ဘဲ အမှန်အတိုင်း ရေးသားထုတ် လွှင့်ပေးကြပါရန် အနူးအ ညွတ် မေတ္တာရပ်ခံ အပ်ပါ သည်ခင်ဗျာ။

မှတ်ချက် – ဓာတ်ပုံများမှာ ပြီးခဲ့သည့်လ က ဗလီအနီး ရုပ်ပွား တော် လာရောက်မြုပ်သွားစဉ်က ဓာတ်ပုံများ ဖြစ်ပါသည်။

photo credit : Min Min

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: