Leave a comment

ရိုဟင်ဂျာ သည် အလွန်ရှေးကျသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဖြစ်ကြောင်း ၁၇၉၉ ခုနှစ်က ထုတ်ဝေ သော ဖရန်စစ်ဘူချနန် စာအုပ်အရထင်ရှား

image

ရိုဟင်ဂျာ သည် အလွန်ရှေးကျသော မြန်မာနိုင်ငံ၏
တိုင်းရင်းသား ဖြစ်ကြောင်း ၁၇၉၉ ခုနှစ်က ထုတ်ဝေ
သော ဖရန်စစ်ဘူချနန် စာအုပ်အရထင်ရှားသည်​။
^^^^^^^^^^^^^^^^^^^^^^^

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၁၈၂၃ ခုနှစ်မတိုင်မှီ နေထိုင်လာသူများ အားလုံးက တိုင်းရင်းသားများလို့ ပြဌာန်းထားတယ်။

ရိုဟင်ဂျာတွေက ၁၈၂၃ ခုနှစ်မတိုင်မှီ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ရှိနေခဲ့တာကို ၁၇၉၉ ခုနှစ်မှာ ဒေါက်တာဖရန့်စစ်ဘူချာနန်က ရေးသားမှတ်တမ်းတင် ခဲ့တယ်။

ဒီမှတ်တမ်းကို SOAS Bulletin မှာ ရေးသားခဲ့တုန်းက ဒေါက်တာကျော်ရင်လှိုင်က ဘုတ်အဖွဲ့မှာ ပါခဲ့တယ်။ အဲဒီတုန်းက ဘုတ်အဖွဲ့မှာ ပါနေရက်နဲ့ မကန့်ကွက်ခဲ့ဘူး။ သိန်းစိန် အစိုးရလက်ထက်မှာ MPC မှာ ပါလာတော့မှ ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ စ သမုတ်ခဲ့တယ်။

တစ်ဖက်မှာ ဒေါက်တာအေးချမ်းဆိုတဲ့ သမိုင်းပါမောက္ခ ကလည်း အမှန်တရားကို လက်မခံချင်လေတော့ ရိုဟင်ဂျာ ဆိုတာ ရခိုင်တွေကို ပြောတာပါဆိုပြီ လိမ်ပြန်တယ်။ Mohammedan ဆိုတာ အစ္စလာမ်ဘာသာဝင်တွေကို ရည်ညွန်းတာမှန်းသိလျက်နဲ့ ပေါ်ပေါ်တင်တင် လိမ်လည် တာပါ။

ဘယ်လိုဖြစ်ဖြစ် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ရိုဟင်ဂျာ လူမျိုးက တိုင်းရင်းသား ဖြစ်တယ်။ သို့ပေမယ့် တိုင်းရင်းသား သတ်မှတ်ခြင်းကို အဲဒီတုန်းက နိုင်ငံတော် ကောင်စီက သတ်မှတ်ခဲ့လေတော့ ကိုးကွယ်တဲ့ ဘာသာ အရ ချန်လှပ်ခဲ့ခြင်း ဖြစ်ပြီး၊ အဲဒီ နိုင်ငံသား ဥပဒေ မပြဌာန်း မှီ ၁၉၇၄ ခုနှစ်ကတည်းက ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ အနေ အထား ဖြစ်အောင် ကြိုတင် စီမံကိန်း ရေးဆွဲခဲ့တယ် ဆိုတာ ခေတ်အဆက်ဆက် ချမှတ်တဲ့ စီမံချက်များကို ကြည့်ရင် သိပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: