Leave a comment

ပညာရေး ဝန်ထမ်းများ အဂတိ လိုက်စားမှု မပြုရန် ညွှန်ကြားချက် ထုတ်ပြန်

image

ညီတူး ၊ ရန်ကုန်၊ ဧပြီ ၂၂

ပညာရေးဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားမှု မပြုရန် ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သော လမ်းညွှန် ချက်များကို လိုက်နာရမည်ဖြစ်ပြီး မလိုက် နာလျှင် အရေး ယူမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက် စားမှုများကြောင့် အကျင့် စာရိတ္တ ပျက်ပြား မှုများ ဖြစ်ပေါ်နေသဖြင့် နိုင်ငံတော်၏ လူ မှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ထိခိုက် နေသည့်အတွက် အဂတိလိုက် စားမှုများ လုံးဝ ပျောက်သွားစေရန်အတွက် ပညာရေး ဝန်ထမ်းများ အားလုံးအား လက် ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက် သည့် လမ်းညွှန်ချက်ကို လိုက်နာရန် ဧပြီ ၁၇ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

”ထုတ်ပြန်တာကတော့ တစ်နိုင် ငံလုံးက ကျောင်းတွေ အကုန်လုံးကို ထုတ် ပြန်ပေးပါတယ်။ အောက်ခြေပညာရေး ဝန် ထမ်းတွေအထိ သိအောင် အဆင့်ဆင့် တိုင်း ကနေ မြို့နယ်ပညာရေးမှူးတွေဆီ စာထွက် ထားပါတယ်။ လမ်းညွှန်ချက်တွေကတော့ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက် တွေအတိုင်းပါပဲ။ လိုက်နာဆောင် ရွက်ရမှာက ကျွန်မ တို့ဝန်ထမ်းတွေရဲ့ တာ ဝန်ပဲ ဖြစ်ပါတယ်”ဟု အောက် မြန်မာ ပြည် အမှတ်(၃) အခြေခံပညာရေးဦးစီးဌာနမှ ဒေါ်ဆွေဆွေလတ်က ပြောသည်။

အဂတိမလိုက်စားရန် လက် ဆောင်ပစ္စည်း လက်ခံခြင်း နှင့် ပတ်သက် သည့် လမ်းညွှန်ချက်ကို တစ်နိုင်ငံလုံးရှိ တိုင်း ပညာရေးရုံးများမှတစ်ဆင့် မြို့နယ်ပညာ ရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးများမှ အောက်ခြေအဆင့်ဆင့် ကျောင်းများ၊ ဆရာ များနှင့် ကျောင်းစောင့်များအထိ အကုန် လုံးကို အသိပေးထားပြီးဖြစ်ပြီး ကျောင်းဖွင့် ရာသီမှ စတင်ကာ ကျောင်းများက ညွှန် ကြားထား သည့်အတိုင်း မကောက်ခံဘဲ စည်းကမ်းချိုးဖောက်လျှင် တိုင်ကြားနိုင် ကြောင်း ¤င်းက ဆက်လက်ပြောသည်။

”ဒါဟာ အားလုံးက လိုက်နာ ဆောင်ရွက်ရမယ့် ကိစ္စပါ။ အဂတိလိုက် စားမှု ကင်းရှင်းခြင်းဖြင့် ပြည်သူရော၊ ဝန် ထမ်းရော လိုက်နာဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါ တယ်ရှင့်။ ဒီလို လုပ်ဆောင်တာကို ဆရာမ တစ်ယောက် အနေနဲ့ကတော့ ကြို ဆိုပါတယ်”ဟု မကွေးတိုင်းဒေသ ကြီး မင်း လှမြို့နယ်မှ အထက်တန်းပြ ဆရာမတစ် ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ တက် ရောက် နိုင်စေရန်အတွက် ယခင်နှစ်များမှ စတင် ပြီး အထက်တန်းအထိ ပုံနှိပ်စာအုပ်များကို အခမဲ့ပေးပြီး အခမဲ့ပညာရေးစနစ်ကို ကျင့် သုံးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်ကို လည်း ရက်အတိအကျ ညွှန်ကြားချက် မရှိ သေးသော်လည်း မေ ၂၅ ရက် ဝန်းကျင် တွင် ကျောင်းအပ်လက်ခံနိုင်ရေး ပြင်ဆင် နေပြီဖြစ်ကြောင်း သိရသည်။

(Flower News Journal, 12-15)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: