Leave a comment

ဗလီဘေး လူသွားလမ်း ကြားတွင် မြိုင်ကြီးငူ ဆရာတော် ၏ လမ်းညွှန်ချက်ဖြင့် စေတီ တစ်ဆူ ညတွင်း ချင်း အပြီးတည်

image

ဧပြီ ၂၆၊ ၂၀၁၆
M-Media
ဖြူလေး
.
ရန်ကုန်။ ။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်း ကျေးရွာရှိ ဗလီဝတ်ကျောင်း နံဘေးကပ်လျက် လမ်းကြား တွင် မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုကာ စေတီတစ်ဆူကို ဧပြီလ ၂၅ ရက်နေ့ညက ညတွင်းချင်း တည်ဆောက်ခဲ့ကြောင်း သတင်းရရှိသည်။
.
အဆိုပါ စေတီတည်သောနေရာတွင် မတ်လ (၂၃) ရက် နေ့ ညသန်းခေါင်ကျော် အချိန် လူ (၆) ယောက်ခန့်က နံပါတ်မပါသည့် အနက်ရောင်ကားတစီးဖြင့် ဗလီဘေး လမ်းကြားနေရာ၌ ဥာဏ်တော် တစ်တောင်ခန့်ရှိသည့် ဘုရားဆင်းတုတော်တစ်ဆူ လာရောက်မြှပ်နှံခဲ့ကြောင်း အမည် မဖော်လိုသူ ရွှေဂွန်းဒေသခံတစ်ဦးထံမှ သိရ သည်။
.
ဧပြီလ ၂၅ ရက် ယမန်နေ့ည (၇) နာရီဝန်းကျင်တွင် လူ အင်အား (၇၀) နီးပါး ရောက်လာပြီး အဆိုပါဆင်းတု တော်မြှုပ်နှံထားသည့်(စည်ပင်သာယာ နယ်နမိတ် လူသွား လမ်း) နေရာအပေါ် စေတီ စတင်တည်ခဲ့ ကြောင်း၊ နံနက်လင်းအားကြီး ၅ နာရီခန့်တွင် တည် ဆောက်ပြီးစီးခဲ့ကြောင်း ဒေသခံ မျက်မြင် သက်သေ များက ဆိုကြသည်။
.
စေတီလာရောက်တည်နေစဉ် ဗလီဂေါပကအဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဒေသဆိုင်ရာ အာဏာပိုင် များထံ သွားရောက် အသိပေးပြောဆိုခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် များ ထိုနေရာသို့ လာရောက်ခဲ့သော်လည်း တစ်စုံ တစ်ရာပြောဆိုခြင်း မရှိဘဲ ဓာတ်ပုံများသာ ရိုက်ပြီး ပြန်သွားခဲ့ကြောင်း သိရသည်။
.
“သူတို့ အခု စေတီတည်တဲ့နေရာက ဗလီဘေးကလမ်း။ ခုလို စေတီ တည်လိုက်တော့ လူသွားလမ်းကြားလေးက မလွတ်တော့ဘူး ဖြစ်သွားတယ်။ ကျွန်တော်တို့တွေ စိုးရိမ် တာက သူတို့ သိပ်မကြာခင်မှာ (လူတွေသွားလာဖို့) လမ်းနေရာ မလွတ်တော့ဘူး ဆိုပြီးတော့ ဗလီ အုတ် တံတိုင်း ကို ဖြိုချခိုင်းမှာ – ဗလီကိုပါ သိမ်းလိုက်မှာကို ကျွန်တော်တို့ အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ဗလီ အနီး နေထိုင်သူ တစ်ဦးမှ စိုးရိမ်တကြီးပြောပြသည်။
.
မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ချက်ဖြင့်ဟုဆိုလျက် ဧပြီလ ၂၃ ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတော ကျေးရွာရှိ ရှင်မာကု အင်္ဂလီကန် ခရစ်ယာန် ဘုရား ကျောင်းဝင်းအတွင်း၌ စေတီတဆူအားလည်းကောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက ဘားအံ့မြို့ နယ်၊ အောက် မိဇိုင်းကျေးရွာ၊ မယ်စီးထာ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ချာ့ခ်ျကျောင်းဝင်းအတွင်း၌ စေတီ တစ်ဆူအားလည်းကောင်း သက်ဆိုင်ရာ ဘာသာ ဝင် များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ကန့်ကွက် တားမြစ်နေသည့်ကြားက တည်ဆောက် သွားခဲ့ပါသည်။
.
#BuddhistPagoda #KarenState #MyaingGyiNyuSayaTaw

ဗလီဘေး လူသွားလမ်းကြားတွင် မြိုင်ကြီးငူ ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် စေတီတစ်ဆူ ညတွင်းချင်း အပြီးတည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: