ဓမြားတိုက်၏ပုံကြမ်းပုံ
ဓားထောက်ပြီး ခေါအဆောင် သွားသည် အပြင်က ဓာတ်ပုံထားသည့်ပုံ
ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက် ဦးလူနီ လမ်း ရှိ အိမ်တစ်အိမ်တွင် အသက်၁၂နှစ်အရွယ် မိန်း ကလေးငယ်ကို ဓားထောက်ကာ ဓားစာခံအဖြစ်ခေါ် ဆောင်ပြီး ငွေကြေးတောင်းမှုတစ်ခု ယနေ့ ဧပြီ(၂၆) ရက် က ဖြစ်ပွားခဲ့သည်။
ဓမြားတိုက်ခံရသည်နေအိမ်
ဧပြီ ၂၆ ရက် နံနက် ၉နာရီခွဲအချိန်ခန့်က ထိုအိမ်အတွင်း သို့အသက်၂၅နှစ်အရွယ် အမျိုးသားသည် နေအိမ် အတွင်းရောက်ရှိကာ ပစ္စည်းခိုးယူရန် ကြံစည်ခဲ့ပြီး အိမ်ရှင်လင်မယား အပြင်မှ ပြန်လာသောအခါတွင်မူ အိမ်ရှင်၏ သမီးဖြစ်သူ ၁၂ နှစ်အရွယ် ကလေးငယ်ကို ဓားဖြင့်ထောက်ကာ ဓားစာခံအဖြစ်သုံးကာ ကျပ်သိန်း ၅၀ ယူဆောင်သွားခဲ့သည်။
ဓားပြတိုက်သူသည် အိမ်အတွင်းရှိနေစဉ် ခြံဝင်းအပြင် ဘက်၌ ရပ်ကွက်မှ လူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက် လာ သည်ကို တွေ့ရသဖြင့် ရုပ်ရှင် ဇာတ်ဝင် ခန်း ဆန်ဆန် ပင် သမီးငယ်ကို ဓားဖြင့်ထောက်ကာ ဖခင် ဖြစ်သူ ကို ကားမောင်းရန် စေခိုင်းခဲ့ပြီး ခြံဝင်းအတွင်းမှ လွတ်အောင် မောင်းနှင်စေခိုင်းခဲ့သည်ဟု ဖြစ်စဉ်ကို
မြင်တွေ့ခဲ့သူ တစ်ဦးက သူ၏ဖေ့ဘွတ်ခ်မှတစ်ဆင့် မျှဝေထားသည်။
“ကလေးကို လည်ပင်းဓားထောက်တဲ့အချိန် အိမ်ထဲမှာ ဆူညံနေပြီ။ ရပ်ကွက်ထဲက သူတွေနဲ့ရဲတွေလည်း ၀ိုင်းထားတာ အယောက်၃၀ကျော်လောက် ရှိတယ်။
ကလေးအဖေက မလုပ်ပါနဲ့ သူနဲ့ကျွန်တော်ညှို ပြီးပြီ ပြောတယ်။
နောက်တော့ ကလေးကို ပေါင်ပေါ်တင်ပြီး ဓား ထောက် ထားတယ်။ ပြီးတော့ ကားပေါ်တက်ပြီး ကလေးအဖေ ကိုယ်တိုင်မောင်းပြီး ထွက်သွားတယ်” မျက်မြင်တွေ့ရှိခဲ့သူ ဒေါ်သန်းမြရွှေက ပြောသည်။
ဓားပြတိုက်သူသည် ကလေးငယ်ကို ဓားဖြင့် ထောက် လျှက်သားဖြင့် ဖခင်ကို ကားမောင်းနှင်စေပြီး ဟံသာဝတီ လမ်းထိပ် ၊ရွှေပလ္လင်လက်ဖက်ရည်ဆိုင် အနီးတွင် ထွက် ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
ဓာတ်ပုံ – စံကျော်