Leave a comment

ရန်ကုန်မြို့ပြ စီမံကိန်းတစ်ခု ရေးဆွဲမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆို

image

ရန်ကုန်မြို့ပြ စီမံကိန်းတစ်ခု ရေးဆွဲမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆို

၂၇..၄..၁၆

မြို့သစ်များ ထပ်မံတည်ဆောက်ရန် လုပ်ဆောင်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိအစိုးရက ရန်ကုန်မြို့ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြ စီမံကိန်း တစ်ခု ရေးဆွဲလုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

”ကျွန်တော်တို့ Town Plan ဆွဲဖို့ရှိပါတယ်။ ဒါဟာ JICA က လုပ်နေတဲ့ ၂ဝ၄ဝ စီမံကိန်းရှိသလို ဒီ ၂ဝ၄ဝ ထဲမှာ ပဲ ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် နှစ် ၅ဝ၊ ၆ဝအထိ အနာဂတ်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခု ကျွန်တော်တို့ ရေးဆွဲပါမယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)က လုပ်ဆောင်လျက်ရှိသည့် ရန်ကုန်မြို့ပြ စီမံကိန်း အခြေအနေကို လည်း လေ့လာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအဖွဲ့အစည်းက ကူညီလုပ် ဆောင်နေသည့် ၂ဝ၄ဝ စီမံကိန်း အတွင်းတွင် လည်း ရန်ကုန်မြို့ အခြေအနေမှာ ပျက်စီးသွားနိုင်ခြေရှိနေသည့် အတွက် အနာဂတ်ရှိသည့် မြို့ပြစီမံကိန်းတစ်ခု ရေးဆွဲ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့ပြစီမံကိန်းတစ်ခု လုပ်ဆောင်မည်ဆိုခြင်းကို ကြိုဆိုပြီး ယင်းစီမံကိန်းမှာ အသေးစိတ် သိရှိရခြင်းမရှိသေး သည့် အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြို့ပြဖွံ့ဖြိုးရေး စောင့်ကြည့်လေ့လာသူများက ပြောဆိုသည်။

၂ဝ၄ဝ မဟာရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် မြို့သစ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် ရေပေးဝေမှုစနစ် ကောင်းမွန်ရေးတို့အတွက် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: