Leave a comment

အရပ်သား အစိုးရသစ်၏ မဟာဗျူဟာ များကို ရှင်းလင်း စွာ မသိရ သေးဟု ဆို

image

သမိုင်းဝင် ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး ၅ လ အကြာ၊ လွှတ်တော်အား NLD အမတ်များက ထိန်းချုပ် နိုင်ခဲ့ပြီး ၂ လအကြာ အထိ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအား မည်သို့ မောင်းနှင်မည် ဆိုသည့် မဟာဗျူဟာ ကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခြင်း မရှိသေး ဟု စောင့်ဆိုင်းနေကြသည့် နိုင်ငံရေးသုတေသီများက ဆိုသည်။

NLD အစိုးရအနေဖြင့် ပထမ ရက် ၁၀၀ နှင့် ယင်း နောက် အချိန်ကာလများ တွင် မည်သည့် အောင်မြင်မှု များ ရရှိရန် ဆောင်ရွက်မည်ဟု ရှင်းလင်းစွာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးဘဲ စီးပွားရေးမူဝါဒများကို မည်သူ က ချမှတ်မည်ဆိုသည်ကိုလည်း ရှင်းလင်းစွာ မသိရသေး ဟု စင်ကာပူအခြေစိုက် FTI Consulting မှ အကြီး တန်း ဒါရိုက်တာ ရိုမိန်းကေးလော့ဒ်က ပြောကြား သည်။ FTI သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ ကြုံတွေ့ရ နိုင်သည့် စွန့်စားရမှုများအား လေ့လာနေသည့် အဖွဲ့ အစည်း ဖြစ်သည်။

NLD အစိုးရသစ်အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ကို ပိုမိုဆွဲဆောင်ရန် မှသည် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန်း ရန်အထိ ဆောင်ရွက်ရမည့် ကိစ္စရပ်များစွာ ရှိနေသည်။ တစ်ချိန်တည်းတွင်ပင် မဲဆန္ဒရှင်များ၏ မြင့်မား သည့် မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် လွှတ်တော် တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး အရေး ပါသည့် စီးပွားရေးလုပ်ငန်း အများအပြား ချုပ်ကိုင် ထား ကာ အင်အားကြီးသည့် စစ်တပ်နှင့် ပြေလည်ရန်ပါ ဆောင် ရွက် ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်ပမာဏအဖြစ် ဒေါ်လာ ၈ ဘီလီယံကျော် ရှိခဲ့သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံ မှု၏ တွန်းအားဖြင့် မြန်မာ့ စီးပွားရေးသည် ၈ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့ပြီး အာရှတွင် တိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် အရပ်သား အစိုးသစ်အနေဖြင့် ယခင်အစိုးရများ လက်ထက်က ဆိုးဝါးစွာ ပုံစံထုတ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့် သတ္တု တွင်းများ မဟာရေအားလျှပ်စစ် စီမံကိန်းများ၊ စိုက်ပျိုးရေး စီမံကိန်းများ စသည့် သဘာဝ သယံဇာတစီမံကိန်းများကို ဆိုးမွှေအဖြစ် ဆက်ခံ ထားရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်အရ ဂျပန် အစိုးရ သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အထောက်အပံ့ အဖြစ် ယန်း ဘီလီယံ ၁၀၀ (ဒေါ်လာ သန်း ၉၀၀ ကျော်ခန့်) အား ချေးငွေ၊ ထောက်ပံ့ငွေများ အဖြစ်ပေး အပ်ရန် စီစဉ်လျက်ရှိပြီး အသေးစိတ် အချက်အလက်များ ညှိနှိုင်းမှုကို ဇွန်လတွင် အဆုံးသတ်နိုင်ရန် မျှော်လင့် ထားသည်ဟု ဂျပန်တိုင်းသတင်းစာက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် အဟန့်အတား ဖြစ်နေသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို အမေရိကန်အစိုးရက ရုတ်သိမ်းပေးသင့်သည်ဟု မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း ၀ါရင့်မြန်မာ့အရေး လေ့လာသူ ပရစ်စီလာကလပ်က ပြောကြားခဲ့သည်။

KHTun
The Ladies News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: