Leave a comment

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးစတင်ယူပြီ

image

( ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် လုံခြုံရေးအတွက် ဧပြီလ ၂၆ ရက်နေ့ ကစပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူထားစဉ် )

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ရှေ့မှာ မနေ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး တာဝန် ယူလိုက်ပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန် ၃ ရပ်ထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲတွေအတွက် တာဝန်ယူပေးတာလို့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ လုံခြုံရေးယူနေတဲ့  အမှတ် (၃) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ရဲအုပ်အောင်နိုင်မိုး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့၊ ခြံအပြင်စည်း လုံခြုံရေးအတွက် အရာရှိအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးက ၂၄ နာရီ စောင့်ကြပ်ပေးမှာဖြစ်ပါတယ်။ လုံခြုံရေးတာဝန်ကျသူတွေအတွက် ရဲကင်းကို ဆောက် လုပ်ပြီးသွားပြီဖြစ်သလို နေထိုင်ဖို့ အဆောက်အဦးကို လည်း ဆောက်လုပ်ဖို့ စီစဉ် နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က နှင်းဆီစံအိမ်မှာ နေထိုင်တာများပါတယ်။

Photo: Kyaw Lwin Oo, Kyaw Htoon Naing/ RFA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: