Leave a comment

ဒေါ်အောင် ဆန်း စုကြည်က ဆွီဒင်ဝန်ကြီး၊ အမေရိကန် သံအမတ်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့နှင့် တွေ့ဆုံ

image

image

image

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်း စုကြည်က ဆွီဒင်ဝန်ကြီး၊ အမေရိကန်သံအမတ်ကြီး နှင့် မွန်ဂိုလီးယားနိုင်ငံသံအမတ်ကြီးတို့နှင့်တွေ့ဆုံသည်​။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည်က ဆွီဒင်ဝန်ကြီး၊ အမေရိကန်သံအမတ်ကြီး နှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့နှင့် ယနေ့နံနက် ပိုင်း က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး၊လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နေရာ တွင် ဆွီဒင်နိုင်ငံမှ ပါဝင်ရွေးချယ်ခံမည့် ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက် ရေးဝန်ကြီး H.E. Ms. Isabella Lovin တို့သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်က နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်အနေဖြင့် နံနက် ၁၀ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ် ဂူအန်း တူမာကူလာဒ်သည် နံနက် ၁၀း၅၀ နာရီ တွင်လည်းကောင်း သီးခြားစီ လာရောက် တွေ့ ဆုံခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံမှုများပြုလုပ်ရာတွင် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ အခြား အကျိုး တူ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြ ကြောင်း သတင်းများအရ သိရသည်။

Ref / Photo : MOI
The Ladies News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: