Leave a comment

စင်ကာပူ နိုင်ငံ၏ ပထမဆုံး သမ္မတ ယူစွတ်ဖ် ဘင် အစ္စဟက် Yusof Bin Ishak

image

မေ ၂ ၊ ၂၀၁၄
M-Media
ရှာဖွေတင်ပြသူ- ကိုလတ်(တောင်ကြီး)

Yusof Bin Ishak သည်စင်ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတတာဝန်ကို 1965 မှ 1970 အထိ ထမ်းဆောင်ခဲ့ သည်။ 12 August, 1910 တွင် မလေးရှားနိုင်ငံ Taiping Perak နယ်တွင်မွေးဖွားခဲ့သည်။ မိသားစုဝင် ၉ ဦးအနက်အကြီးဆုံးသားဖြစ်သည်။ ဖခင်မှာ Encik Ishak Bin Ahmad ဖြစ်သည်။ ဖခင်ဖြစ်သူသည် မလေးရှားနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ခေတ္တ ဒါရိုက်တာအဖြစ်တာဝန်ယူ လုပ်ဆောင်ပေးခဲ့သည်။

1923 တွင်ဖခင်တာဝန်ကျသည့်စင်ကာပူတွင် အတူ လိုက် ပါနေထိုင်ခဲ့ပြီး Victoria Bridge School တွင် 1923 ဒီဇင်ဘာလအထိပညာသင်ကြားခဲ့သည်။ 1924 တွင် Raffles Institution သို့ဝင်ခွင့်ရခဲ့ပြီး Cambridge School Certificate ကိုဂုဏ်ထူး များစွာဖြင့်အောင်မြင်ခဲ့သည်။ Yusofသည်ကျောင်းသား ဘဝကပင် တက်တက်ကြွကြွနေလေ့ရှိပြီး အားကစား ဘက် ကိုလည်း အထူး လိုက်စားခဲ့သည်။ 1933 အငယ်တန်းအလေးမ ပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည်။

ကျောင်းပြီးခဲ့ပြီးနောက် 1929 တွင်သူငယ်ချင်းနှစ် ယောက်နှင့်အတူ အားကစား မဂ္ဂဇင်းကို ထုတ်ဝေခဲ့ သည်။1932 တွင် မလေးရှားနိုင်ငံ၏ ထိပ်သီး သတင်းစာ Warta Malaya တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လုပ်ရည်ကိုင်ရည်နှင့် ပင်ကိုယ် အစွမ်းအစကောင်းမွန်မှု ကြောင့် အချိန်တိုအတွင်းမှာပင် လက်ထောက်မန်နေဂျာ အဖြစ်လည်းကောင်း ယာယီအယ်ဒီတာ အဖြစ်လည်း ကောင်း ရာထူးတိုးမြှင့်ပေး အပ်ခြင်းခံရသည်။

1938 တွင်းရာထူးမှနုတ်ထွက်ပြီး သူငယ်ချင်းများနှင့် အတူ Utusan Melayu Press ltd ကိုတည် ထောင်ပြီး Managing Director အဖြစ် တာဝန်ယူ ခဲ့သည်။ 1942 မှ 1945 အထိ ဂျပန်တို့စင်ကာပူကို သိမ်းပိုက်ထားစဉ် အတွင်း Malaya သို့တိမ်းရှောင်ခဲ့ သည်။ ဂျပန်တို့ လက်နက်ချ ဆုတ်ခွာပြီးမှသာ ပြန်လည် ရောက်ရှိလာပြီး ယင်းကုမ္ပဏီ၏ Managing Director အဖြစ်ပြန်လည် ဦးဆောင်ခဲ့သည်။

Yusof သည် ပုံနှိပ်မီဒီယာတစ်ခု၏ MD တစ်ယောက် ပင်ဖြစ်နေလင့်ကစား အစိုးရ အဖွဲ့၏ အရေးပါသော အစည်းအဝေးပွဲများကိုလည်း တက်ရောက်ခဲ့ရသည်။ 1948 မှ 1950 အထိ Film Appeal Committee ဝင်ဖြစ်ခဲ့ပြီး Nature Reserve Committee ၏အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည်။ 1948 တွင်ဗြိတိန်သို့ First Press Delegation Member တစ်ဦးအနေဖြင့်သွားရောက်ခဲ့သည်။ အစိုးရအစီအစဉ်ဖြင့် ဇနီးသည် Puan Noor Aishah နှင့်အတူ 1963 ဧပြီလတွင် ကမ္ဘောဒီးယားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယင်းလမှာပင် ဆော်ဒီ အာရေး ဗျ နိုင်ငံ၏ နိုင်ငံတော်ဧည့်သည် အဖြစ်သွား ရောက် ကာ ဟာဂ်ျပြုခဲ့သည်။

1965 July လတွင် စင်ကာပူ တက္ကသိုလ်၏အဓိပတိ ဖြစ်ခဲ့သည်။ ဘရူနိုင်းဆူလတန် ၏ The Most Esteemed Royal Family Order of Brunei ဂုဏ်ထူးဆောင် ဘွဲ့ကို 1960 November လတွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။ 9th August 1965 တွင် စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသောအခါ ပထမဆုံး သမ္မတ အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရသည်။ 1967 ဒီဇင်ဘာ လ တွင်ဒုတိယ သက်တမ်း ၄ နှစ်အတွက်ထပ်မံရွေး ချယ် ခံ ရသည်။

Yusof Bin Ishak သည် ဇနီးသည် Puan Noor Aishah နှင့် သားတစ်ဦး သမီး နှစ်ဦး ထွန်းကားခဲ့ပြီး 23 November 1970 တွင်ကွယ်လွန်ခဲ့သည်။ စင်ကာပူနိုင်ငံ တွင်ယနေ့သုံးစွဲလျက်ရှိသော ငွေကြေးများ တံဆိပ်ခေါင်းများတွင် Yusof Bin Ishak ၏ရုပ်ပုံကို ဂုဏ်ပြုထည့်သွင်းရိုက်နှိပ်ကာ သုံးစွဲလျက်ရှိကြသည်။

Related Posts

စင်္ကာပူရေပိုင်နက်အတွင်း လှေနစ်မြုပ်မှုဖြစ်ပြီး လူ ၉ ဦး ပျောက်ဆုံးနေ (Jul 25, 2013) ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ (Jul 21, 2013) ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ (Jul 17, 2013) စင်ကာပူတွင် အောင်လက်မှတ် အတုသုံးပြီး အလုပ်ပါမစ်တင်မှု့ မြန်မာ ၂၁ ယောက် အပါအဝင် နိုင်ငံခြားသား ၂၅ ယောက် ထောင်ချခံရ (Jul 17, 2013) စင်္ကာပူ မွတ်စလင်မ်များ ရမဿွန်လ (ဥပုတ်) ဗုဒ္ဓဟူးနေ့တွင် စတင်မည်။ (Jul 9, 2013) စင်္ကာပူဝန်ကြီးချူပ် မှ နိုင်ငံသား မွတ်စလင်များကို ရမဿွန် (ဥပုတ်လ)အဝင် နှုတ်ခွန်းဆက် ဆုတောင်း စကားပြောကြား (Jul 9, 2013) လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည် (Jun 17, 2013) စင်ကာပူတွင် မြန်မာအင်ဂျင်နီယာ တစ်ဦးကို တစ်နိုင်ငံတည်းသား မြန်မာ လုပ်သားမှ သတ်ဖြတ်မှု ဖြစ်ပွား (Jun 2, 2013) Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား စင်ကာပူတွင် ပြုလုပ် (Apr 7, 2013) ဟာလီမာ ယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ (Jan 15, 2013)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: