Leave a comment

မတူကွဲပြား မှုများကို အခြေခံ၍ ဂျပန် နိုင်ငံနှင့် မြန်မာ နိုင်ငံ တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆွေးနွေး တိုင်ပင်ကာ ပြေလည် စွာ ဆောင်ရွက် ခဲ့သည်မှာ ကြာမြင့် ခဲ့ပြီဖြစ်

မတူကွဲပြားမှုများကို အခြေခံ၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆွေးနွေးတိုင်ပင်ကာ ပြေလည် စွာ ဆောင်ရွက် ခဲ့သည်မှာ ကြာမြင့် ခဲ့ပြီဖြစ

နေပြည်တော်၊ မေ ၃

ရန်ကုန်မြို့ပြ ဖွံဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး၊ ရထားပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့် တင်ရေး၊ ဂျပန်နိုင်ငံရောက်   မြန်မာ လုပ်သားအခွင့်အရေးများ အပြည့် အဝ ရရှိရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက် မှုဆိုင်ရာ ကိစ္စရပ်များ တွင် ဂျပန်နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင် ရွက်ရေးနှင့် ပညာတော်သင် ဆုစေ လွှတ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဂျပန်-မြန်မာ နှစ်နိုင် ငံနိုင်ငံခြားရေး ဝန်ကြီး များ တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင် ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအိုခိရှိဒါတို့သည့် ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ထိုသို့ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ ဂျပန်နိုင်ငံ၊   နိုင်ငံခြားရေး ဝန်ကြီး က ဂျပန်နိုင်ငံနှင့် နှစ်ပေါင်း များစွာ ချစ်ကြည်ရင်းနှီးခဲ့ သည့် မြန်မာနိုင်ငံ တွင် ပြည်သူလူထု၏   ထောက်ခံမှုကိုရယူပြီး သမိုင်းဝင်အစိုးရ အဖွဲ့ လွှဲပြောင်း မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဂျပန်နိုင်ငံ အနေဖြင့် လှိုက်လှဲစွာကြိုဆို ပါကြောင်း၊   မြန်မာနိုင်ငံ အစိုးရသစ် ဦးဆောင် အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီ စနစ်ဖော်ဆောင် ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရနှင့် ဂျပန်ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်း၍ အဘက်ဘက်မှ အစွမ်းကုန်ထောက်ပံ့ ကူညီဆောင် ရွက်ပေး သွားမည်ဟု ပြောကြား လိုပါကြောင်း။

ဒေသအသီးသီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို ဂျပန်-မြန်မာ အတူတကွလက် တွဲပူးပေါင်းဆောင် ရွက်သွား မည့်ဆန္ဒ ကိုလည်း ထုတ်ဖော်ပြောကြားလိုပါကြောင်း။

ဂျပန်နိုင်ငံသည် မြန်မာအစိုးရသစ် အလေးအနက်ထား အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အလုပ်အကိုင် ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးစသည့် ကဏ္ဍများတွင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ဘဏ္ဍာ ရေး၊ ငွေရေးကြေးရေး အစရှိသည့် ကဏ္ဍများတွင် ထောက်ပံ့ကူညီသွားမည် ဖြစ် ကြောင်း။

ထို့ပြင် မြန်မာပြည်သူပြည်သားများနှင့် ဂျပန်လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးခံစားနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကောင်းကို  အတူတကွ လက်တွဲ တည်ဆောက်နိုင်ရေး၊ မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင် ရွက်မှု ခိုင်မာ စေရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာများ၏ မေးမြန်း ချက်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကို အခြေခံအားဖြင့် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအနေဖြင့် အစွမ်းကုန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မြန်မာအစိုးရ အလေးအနက်ထားသည့် အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးစသည့် ကဏ္ဍများ တွင် အခြေခံ အဆောက် အအုံများ တည် ဆောက်ရေးနှင့် ငွေရေးကြေးရေး ကဏ္ဍများတွင် ကူညီဆောင် ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ကူညီဆောင် ရွက်ပေးမည့် အစီအမံများကို မြန်မာ အစိုးရနှင့် သေ ချာစွာ ဆွေးနွေးပြီး   မြန်မာနိုင်ငံ၏ အမှန်တကယ် လိုအပ်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တိုင်ပင်ဆွေးနွေးကာ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဆောင် ရွက်ပေး လျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ အစိုးရသစ်ကို ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ်မှတစ်ဆင့် ဆက်လက် ကူညီဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကာ ဂျပန်သတင်း မီဒီယာ သမားတစ်ဦး၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဂျပန် အစိုးရ၏ မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေးသည် အနောက်နိုင်ငံများနှင့် မတူညီသည်မှာ သဘာဝ ကျပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ယုံကြည်လျှင် မတူကွဲပြားမှုများကို လက်ခံနိုင် ရ မည်ဖြစ်ပါကြောင်း၊ အဆိုပါ မတူကွဲပြားမှုများ ကို အခြေခံ၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆွေးနွေး တိုင်ပင်ကာ   ပြေလည်စွာ ဆောင်ရွက်ခဲ့သည်မှာ ကြာမြင့် ခဲ့ပြီဖြစ် ကြောင်းဖြေကြားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: