Leave a comment

မုန်းဝန်း(တရုတ်) များကို မှတ်​ပုံတင်​တွင်​ ​မုန်းဝန်း (ဗမာ) ဟု ထည့်သွင်း ပေးခဲ့သည် ဟု​လ၀က ၀န်ကြီးဆို

image

မုန်းဝန်း(တရုတ်) များက မုန်းဝန်း (ဗမာ) ဟု မှတ်ပုံတင် ထဲတွင် ထည့်သွင်းပေးဖို့ တောင်းဆိုမှုကြောင့် ထည့်သွင်း ပေးခဲ့ ခြင်းသာဖြစ်ကြောင်း လ၀က၀န်ကြီးဆိုသည်​။

M-Media
မေလ ၅ ရက်၊ ၂၀၁၆

ရှမ်းပြည်မြောက်ပိုင်း တားမိုးညဲဒေသနေ ပြည်သူအချို့ကို လ၀က က မုန်းဝန်း (တရုတ်) လူမျိုးမှ မုန်းဝန်း(ဗမာ) တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြု ပေးကြောင်း သိရှိရသဖြင့် မည်သည့် အကြောင်းများ ကြောင့် တရားဝင် အသိအမှတ် ပြုခဲ့ပါ သနည်း၊ မြန်မာ နိုင်ငံ တွင် နေထိုင်ကြ သော လူမျိုး တစ်မျိုးမျိုးက တိုင်းရင်း သား လူမျိုး တစ်မျိုးမျိုး အဖြစ် အမည် ပြောင်း လဲ သတ်မှတ်လိုပါက ဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ရှိပါက မည်သည့် အကြောင်းချက်များဖြင့် သတ်မှတ် ဆောင်ရွက် အတည်ပြု ပေးနိုင်ပါမည်နည်း၊ လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက မည်ကဲ့သို့ မူဝါဒ ချမှတ် ဆောင်ရွက် ထားပါသနည်း၊ မည်သည့် ဥပဒေ၊ မည်သည့် လုပ်ထုံး လုပ်နည်းများဖြင့် သတ်မှတ် ဆောင်ရွက် ပေးနိုင်သည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်း သန့်စင် က ယနေ့ (မေ ၄ ရက်) ပြည်သူ့ လွှတ် တော် အစည်းအဝေး၌ မေးမြန်းခဲ့သည်။

ဦးစိုင်းသန့်စင်၏ မေးမြန်းမှုကို အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက မှတ်ပုံတင်တွင် ကာယကံရှင် များ၏ တရားဝင်ပြော ဆိုမှုအတိုင်း ရေးသွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ရေးသွင်းမှုကို တရားဝင်မသတ် မှတ်ကြောင်း၊ မုန်းဝန်း(တရုတ်) ၈ မျိုးရှိပြီး ထို ၈ မျိုးက သူတို့ကိုယ်သူတို့ သတ်မှတ်သည့်အမည်အပေါ်မူတည်၍ ကွဲပြားနေကြောင်း၊ မုန်းဝန်း ၈ မျိုးကို ပေါင်း ပြီး မုန်းဝန်း (ဗမာ)ဟု ပြုလုပ်ပေးခဲ့ ကြောင်း ဖြေကြားခဲ့ပါသည်။

Photo: ၁၉၈၀ ဝန်းကျင်က တားမိုးညဲ ဒေသနေ မုန်းဝန်းလူမျိုးများ (mmtimes)

ဝက်ဘ်ဆိုက်ဒ်တွင် ဖတ်ရှုရန် – http://www.m-mediagroup.com/news/55446

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: