Leave a comment

ဧည့်စာရင်း တိုင်စရာ မလိုတော့သည့် ဥပဒေကြမ်း လွှတ်တော် တင်

image

Saturday, May 7, 2016

ဧည့်စာရင်းတိုင် ကြားခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်း ထား သည့် ပုဒ်မအားလုံးကို ပယ် ဖျက်ထားသည့် ရပ်ကွက် (သို့မ ဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ တတိယ အကြိမ်ပြင်ဆင်ရေးအတွက် ဥပဒေကြမ်းကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် မေလ ၆ ရက်၌ ကျင်းပသော အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်သည်။

လက်ရှိ ရပ်ကျေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဆ)အရ အခြား ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုမှ ညဥ့်အိပ် ညဥ့်နေလာ ရောက်တည်းခိုသော ဧည့်သည် များအတွက် ဧည့်စာရင်းတိုင်ကြား ခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာ ရင်းတိုင်ကြားရန် ပျက်ကွက် လျှင် အရေးယူခြင်းဟု ပြဋ္ဌာန်းထား သည်။

ပုဒ်မ ၁၇ တွင်လည်း အခြားရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုတစ်ခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စု စာရင်းဝင်မဟုတ်သူက ညဥ့်အိပ်ညဥ့်နေ ဧည့်သည်အဖြစ် လာရောက်တည်းခိုခြင်း၊ ယင်းဧည့်သည်ပြန်လည် ထွက်ခွာခြင်းများအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ တိုင်ကြားရမည် ဖြစ်သည်။

အဆိုပါပုဒ်မ ၁၇ ကို ပျက် ကွက်လျှင် ကျပ်ငါးထောင် ထက်မပိုသော ဒဏ်ငွေပေးဆောင်စေပြီး ဒဏ်ငွေ မဆောင် ပါက ခုနစ်ရက်အထိ ထောင်ဒဏ်ချမှတ်နိုင် သည်။ လွှတ်တော်သို့ တင်သွင်းသည့် ရပ်ကျေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အထက်ပါ ပုဒ်မအားလုံးကို ပယ်ဖျက်ထားသည်။

‘‘ကိုယ့်နိုင်ငံသားမှတ်ပုံတင် နံပါတ်ကို ကိုင်ဆောင်ထားရင် ကိုယ့်နိုင်ငံအတွင်းမှာ လွတ်လွတ် လပ်လပ်သွားလာခွင့် ရှိရမှာပေါ့။ ပြည်ပမှာတောင် နိုင်ငံကူးလက် မှတ်ကိုင် ထားရင် လွတ်လွတ်လပ် လပ်သွားခွင့်ရှိသေးတာကိုး။ အဲဒီ တော့ ကိုယ့်နိုင်ငံသားတစ်ယောက်သည် ဧည့် စာရင်း တိုင်ရတဲ့ကိစ္စ တွေဟာ အုပ်ချုပ်ရေးမှူးတွေအ တွက် လက်နက်တစ်ခုလိုဖြစ်မှာ လည်း စိုးတယ်။ ဒါဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီ မှုမရှိဘူး’’ဟု ဥပဒေကြမ်းတင် သွင်းသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက မီဒီယာများအား ပြောသည်။

  အဆိုပါဥပဒေကြမ်းအ တည်ပြုပြီးပါက နိုင်ငံသားများ ဧည့်စာရင်း တိုင်ရတော့မည်မ ဟုတ်ကြောင်း ၎င်းက ပြောသည်။ သို့သော် အဆိုပါဥပဒေကြမ်းနှင့် ပတ်သက် သည့် တွေ့ရှိချက်အစီ ရင်ခံစာဖတ်ကြားခြင်း၊ လွှတ် တော် ကိုယ်စားလှယ်များနှင့် သက် ဆိုင်ရာဝန်ကြီး ဌာနတို့က ဆွေးနွေးခြင်းတို့ ပြုလုပ်ပြီးမှ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည် ဖြစ်သည်။ ထို့နောက် ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်သို့ ပေးပို့မည်ဖြစ်သည်။

ဧည့်စာရင်းစနစ်ဖျက်သိမ်း လိုက်ပါက တရားဥပဒေ စိုးမိုးရေး ကိစ္စပိုင်းတွင် သက်ရောက်လာနိုင် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ထောက်ပြသည်။

‘‘တခြားနေရာကနေ ရာဇ ၀တ်မှုကျူးလွန်တဲ့သူက ရပ်ကွက် ထဲလာခိုအောင်းနေတဲ့ ကိစ္စတွေ ကို ဖော်ထုတ် ဖို့ကျ အခက်အခဲရှိ သွားတာပေါ့။  တခြားတိုင်တာ၊ မတိုင်တာ  ပြဿနာမရှိပါဘူး။ ပြဿနာမဖြစ်ရင်တော့ ကောင်း တာပေါ့’’ဟု ရပ်ကွက်အုပ်ချုပ်ရေး မှူး ငါးနှစ် လုပ်ကိုင်ခဲ့ဖူးသူ ဦးကြည်ထွန်းက ပြောသည်။

Byနန္ဒ၊ မင်းဟိန်းကျော်(7Day)

အမျိုးသားလွှတ်တော်အစည်းအဝေးကို မေလ ၆ ရက်က ကျင်းပစဉ်(ဓာတ်ပုံ−MOI)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: