Leave a comment

အာဆီယံအတွက် ဒေါ်အောင်ဆန်းစုကြည် လိုအပ်သည်

image

လွင်ပြင်-ရေးသည်။

သူတွေ့ဖူးသမျှ အာဆီယံ ခေါင်းဆောင်များ သဘော ကတော့ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏အိုင်ကွန်၊ အာဆီယံ၏ခေါင်းဆောင်အဖြစ် မြင်တွေ့ချင်နေကြ သည် ဟု အာဆီယံ-အမေရိကန် စီးပွားရေးကောင်စီအကြံပေး ဦးချစ်ထွန်းဖေက ဆိုပါသည်။

”အာဆီယံခေါင်းဆောင်တွေဟာဒေါ်စုအတွက် ဂုဏ်ယူ နေကြတာ။ ဘယ်နိုင်ငံကမဆို ကြိတ်ပြီး အတုယူ နေ ကြ တာ” ဟု ၄င်းက ဆိုသည်။

ဂုဏ်သိက္ခာအရ အနောက်နိုင်ငံများအပေါ် သြဇာလွှမ်းမိုး မှုရှိနေသည့်ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံ များ သဲသဲလှုပ် ဂရုစိုက်မှုမရှိသေးဘဲ ဖြစ်နေသည့် အာဆီယံ အတွက်တော့ လိုအပ်သည်ဟု ဦးချစ်ထွန်းဖေ က သုံးသပ်သည်။

ထို့ကြောင့်လည်း အာဆီယံနိုင်ငံများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန် စုကြည်အနေဖြင့် နှုတ်ဆိတ်နေလွန်း မှုအပေါ်အာဆီယံ ခေါင်းဆောင်တွေက အားမလိုအားမရ ဖြစ်နေကြသည်ဟု ဆိုပါသည်။

အာဆီယံရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ညီမျှခြင်း-မြန်မာ တည်ထောင်သူ ဦးအောင်မျိုးမင်းကလည်း အာဆီယံ ခေါင်းဆောင်များ၏ အမြင်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအပေါ် စိမ်းကားလွန်းနေသည်ဟု ရှုမြင်ကြကြောင်း ဆိုပါသည်။

”သူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်ကြတာ”ဟုဦးအောင်မျိုးမင်းက သုံးသပ်သည်။

အာဆီယံ၏ အဓိက စည်းမျဉ်းတစ်ခုဖြစ်သည့် တခြား နိုင်ငံ၏ ပြည်တွင်းရေးအပေါ် မစွက်ဖက် ရေးမူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအကြား အစေး မကပ်နိုင်အောင်ဖြစ်ခဲ့သည်ဟု သုံးသပ်ကြသည်။

၎င်းမူကြောင့်ပင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်နှစ်ဆယ်ကျော်ကြာ အာဏာရှင်စနစ်တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ထောက်ပံ့ ပေးရန် အခက်အခဲဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ထို့အပြင် စစ်အာဏာရှင်အစိုးရများ ဖြစ်နေလင့်ကစား အာဆီယံ အနေဖြင့် ပြစ်တင်ရှုတ်ချမှုမျိုးကို မစွမ်းဆောင်နိုင်ခဲ့ပေ။

ထိုအချက်နှင့်ပတ်သက်ပြီး ၁၉၉၅ခုနှစ်ကတည်းက ထိုင်း နိုင်ငံ The Nation သတင်းစာနှင့် တွေ့ဆုံခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ဖူးသည်။

”အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ သူတစ်ပါးရဲ့ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ဖို့၊ ဒါမှမဟုတ် အချုပ်အခြာအာဏာကို ထိပါးဖို့ဆိုတာမျိုးကို ဘယ်သူမှ မမျှော်လင့်ကောင်းပါဘူး။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဂရုစိုက် တယ် ဆိုရင် အဲဒီဒေသတွင်းနိုင်ငံတွေမှာ ဘယ်လိုအစိုးရ မျိုး တွေ ရှိနေခဲ့သလဲဆိုတာကိုတော့ ကျွန်မတို့ အသေ အချာ သတိထားသင့်ပါတယ်”။

ထို့အပြင် ကမ္ဘာကြီးသည် တစ်နေ့တခြား ပိစိကွေးလေး ဖြစ်လာနေပြီမို့ ”အတိုင်းအတာတစ်ခုအထိ နိုင်ငံတကာ အမြင်၊ နိုင်ငံတကာ သြဇာသက်ရောက်မှုကနေ လွတ် ကင်း တဲ့ နိုင်ငံရယ်လို့ မရှိတော့ဘူးဆိုတဲ့အချက် ကို ကျွန်မတို့ လက်ခံရလိမ့်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က အာဆီယံ၏ တခြားပြည်တွင်းရေးကိစ္စ မစွက်ဖက် ရေးမူအပေါ် ဝေဖန်ခဲ့သည်။
(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်တမ်းစာအုပ်၊ စာမျက်နှာ ၁၃၂ မှ)

မေ ၆ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံ လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် လိုက်ပါသွားခဲ့သည်။

ဒုသမ္မတနှစ်ဦးနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က လေဆိပ်သို့ လိုက်ပို့ခဲ့သည်။ ယခုခရီးစဉ်သည် ဒီချုပ်အစိုးရ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို အာဆီယံဒေသတွင်း နိုင်ငံတစ်ခုကို ပထမဆုံးခြေဆန့်ခြင်းလည်း ဖြစ်ပါ သည်။ ယခင်ကစစ်အစိုးရ ခေါင်းဆောင်များနှင့်သာ ပတ်သက် ဆက်ဆံမှု အားကောင်းခဲ့သည့် အာဆီယံဒေသတွင်း နိုင်ငံများအတွက် အလေးထား စောင့်ကြည့်ရမည့် ခရီးစဉ်တစ်ခုလည်းဖြစ်ပါသည်။

လာမည့် မေ ၁၉ ရက်တွင်လည်းရုရှားနိုင်ငံ၌ ကျင်းပမည့် ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့လည်း နိုင်ငံတော် သမ္မတနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် လိုက်ပါဖို့ ရှိနေသည်။ ထို့အပြင် လာမည့် ဇူလိုင်လ လာအိုနိုင်ငံ၌ ကျင်းပမည့် (၄၉)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးရေးဝန်ကြီးများ အစည်းအဝေး(AMM)ကိုလည်း ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်ရှောင်လွှဲလို့ မရနိုင်ပေ။

အာဆီယံအဖွဲ့ကြီးသည် တစ်နှစ်လျှင် အစည်းအဝေးပေါင်းတစ်ထောင်ကျော်အထိ ကျင်းပလေ့ရှိသည်။

”ဒေါ်စုကို သူတို့တွေ မျက်နှာပူကြမှာတော့ အသေအချာပဲ။ ကမ္ဘာ့ ဒီမိုက
ရေစီ သူရဲကောင်းတစ်ယောက်ကို ဆက်ဆံရမှာမို့ ဒေါ်စုကို သူတို့တွေ စိုးရိမ်နေကြမှာပဲ။ ဒေါ်စု ဘာပြောမလဲဆိုတာမျိုးပေါ့”ဟုဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဘေးကျပ်နံကျပ်ရိုက်သည့်
အခြေအနေများ ကြုံတွေ့နိုင်သည်ဟု ၄င်းက ရှုမြင်သည်။ အဘယ်ကြောင့်ဆိုသော်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော
အနောက်အုပ်စုဖြစ်သည့် အမေရိကန် စသော အင်အားကြီးနိုင်ငံများ၏ မျှော်လင့်ချက်သည် ကြီးမားလွန်းနေခြင်းကြောင့် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်အာဆီယံအဖွဲ့ကြီးကို ဘယ်လောက်အတိုင်းအတာအထိ ပြောင်းလဲပေးနိုင်မလဲဆိုသည်ကို သူတို့က စောင့်ကြည့်နေကြသည်ဟု ဆိုနိုင်သည်။

အာဆီယံအဖွဲ့ကြီး၏ လုပ်ငန်းစဉ်များနှင့် အကျွမ်းတဝင်ရှိနေခဲ့သူ ဦးချစ်
ထွန်းဖေ၏ အမြင်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍသည် အာဆီယံအတွက် အရေးပါ အရာရောက်သည်ဟု ဆိုနိုင်သော်လည်း အာဆီယံ၏ မူတစ်ခုဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ
အားလုံး၏ သဘောတူညီချက် ရရှိမှဆိုသည့်အချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါးပါးနပ်နပ် ကျော်ဖြတ်ရလိမ့်
မည်ဟု ဆိုပါသည်။

”ဒေါ်စုအနေနဲ့ အာဆီယံကို လွယ်လွယ်ကူကူ ခေါင်းဆောင်နိုင်မယ့် အခြေအ
နေရှိပါတယ်။ ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မယ်။ ဒါပေမဲ့နိုင်ငံရေးအရ ဦးဆောင်မှုမှာတော့ စုပေါင်း
ခေါင်းဆောင်တဲ့ သဘောရှိတယ်။ အများသဘောမတူရင် ဘာမှ လုပ်လို့မရဘူးဆိုတာမျိုးရှိတယ်”ဟု ဦးချစ်ထွန်းဖေက ထောက်ရှုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံအဖွဲ့ဝင်ဒေသတွင်းနိုင်ငံတွေကို နိုင်ငံတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် အာဆီယံသည် လက်ရှိအခြေအနေထက် ပိုမို အားကောင်းလာလိမ့်မည်ဟု ¤င်းက ရှုမြင်သည်။

”အာဆီယံ အဓိက ကစားနေရတာက တရုတ်၊ အမေရိကန်နဲ့ ဂျပန်ပေါ့။
လောလောဆယ်မှာ အာဆီယံမှာ တရုတ်က နေရာပိုရနေတယ်။ ဒါကို ဗျူဟာကျကျကိုင်တွယ်နိုင်ဖို့လိုတယ်”။

ပြီးခဲ့သည့် ရက်သတ္တပတ်ကတော့ထိုင်းသတင်းစာဆရာ မစ္စတာကာဝီ ရေး
သားသော နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရန်၊ ရှောင်ရန်များဆိုသည့် အချက် ၁ဝ ချက်ပါ ဆောင်းပါးတစ်ပုဒ်ကို ပြည်တွင်းမီဒီယာ တချို့တွင်ဘာသာပြန်ပြီး ရေးသားဖော်ပြကြသည်။

”ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်မှုရှိဖို့၊အာဆီယံအစည်းအဝေးတွေရဲ့ ပုံစံ၊ အာဆီ
ယံ၏ ဆုံးဖြတ်ချက်ချမှု အပိုင်း၊ အမေရိကန်၊ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံသည့်အခါ အာဆီယံကို ကိုယ်စားပြုတဲ့ အမြင်သဘောထား
ရှိဖို့၊ အာဆီယံခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လောက် ကမ္ဘာ့အဆင့်ဆက်ဆံရေး အတွေ့အကြုံမရှိတာကို သတိချပ်ဖို့၊ အာဆီယံနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို လေ့လာဖို့၊ မြန်မာ
သမ္မတအထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်လို့ ဆိုနိုင်ပေမယ့် အာဆီယံဝန်ကြီးများအထက်မှာ မိမိမရှိကြောင်းကို သတိချပ်ဖို့၊ တရားမဝင် လူဝင်မှုပြဿနာကိုဖြေရှင်းရန် ကြိုတင်ပြင်ဆင်ထားဖို့၊ အာဆီယံအစည်းအဝေး မှတ်တမ်းတင် ဓာတ်ပုံရိုက်တဲ့အခါ နေရာယူတတ်ဖို့၊ အာဆီယံဝန်ကြီးအချင်းချင်း လက်ဆွဲနှုတ်ဆက်မှုပုံစံကို နားလည်ထားဖို့” ဟူ၍ ဆောင်းပါးပါ အချက်၁ဝ ချက်ကို အကျဉ်းချုပ် ကောက်နှုတ်နိုင်
ပါသည်။ အဆိုပါဆောင်းပါးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသူများကတော့ ဝေဖန်မှုများ ရှိခဲ့သည်။

ဦးချစ်ထွန်းဖေ၏ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ခေတ်အဆက်ဆက် အစိုးရများကျင့်သုံးခဲ့သည့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်မို့အထွေအထူး အခက်အခဲ မကြုံတွေ့နိုင်ဟုဆိုပါသည်။

”အဓိက,ကတော့ ဒေါ်စုကိုင်တွယ်ခဲ့တာက Global Issues၊ အာဆီယံထက်
ပိုတယ်ပေါ့။ ဒါကြောင့် မူဝါဒပိုင်းတွေ ထိန်းညှိုဖို့ လိုမှာပေါ့။ အာဆီယံရဲ့ သဘောသဘာဝတွေကိုနားလည်ပြီး အာဆီယံကို နေရာပေး
အာရုံစိုက်မယ်ဆိုရင် ဒေါ်စုအတွက် သိပ်ကြီးကြီးမားမား အခက်အခဲမရှိနိုင်ပါဘူး”ဟု ဦးချစ်ထွန်းဖေက သုံးသပ်သည်။

ဦးအောင်မျိုးမင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံ
တွင် ပါဝင်ပတ်သက်လာသည့်အခါ အာဆီယံ၏ လူ့အခွင့်အရေးကော်မရှင်ကို ပိုမိုအားကောင်းလာရေးနှင့် လူထုအခြေပြု လုပ်ငန်းများ ပိုမိုအားကောင်းလာဖို့အတွက် ပိုမိုမျှော်လင့်မိသည်ဟု ဆိုပါသည်။

ထို့အပြင် အိမ်နီးချင်းဖြစ်သည့်ထိုင်းနိုင်ငံရေး၏ စစ်တပ်ပါဝင်မှု ကိစ္စတွေ၊
ဒေသတွင်း တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနည်းနှင့်အများ ပြောဆိုလာလိမ့်မည်ဟု ၄င်းက ယူဆသည်။ အာဆီယံအဖွဲ့ထဲတွင်ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကျတန်ဖိုးထားသည့် နိုင်ငံများရှိသလို အစေးမကပ်နိုင်သည့် နိုင်ငံများလည်း ပါဝင်နေနိုင်သည်ဟု ဦးအောင်မျိုးမင်းက ဆိုပါသည်။

”ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံတွေနဲ့ နီးစပ်လို့ အာဆီယံကို
ပြောင်းလဲပစ်မလားဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဥပမာ-ဖိလစ်ပိုင်ဆိုရင်လဲ ယူအက်စ်ရဲ့ ထောက်ခံမှုကို ရတာပဲလေ။ လုပ်လို့ မရ
ခဲ့ပါဘူး”။

သို့သော် အာဆီယံတွင် အဖြေမတွေ့သေးသည့် တောင်တရုတ်ပင်လယ်
ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် မည်သည့်ဘက်တွင် ရပ်တည်မလဲဆိုသည်က စိတ်ဝင်စားဖို့ ကောင်းနေပါသည်။

တစ်ချိန်က အမေရိကန်သည် ကမ္ဘာ့လုံခြုံရေးအပိုင်းရော၊ စီးပွားရေးအပိုင်းမှာပါ အင်အားကြီးဖြစ်ခဲ့သော်လည်း ယခုအခါ လုံခြုံ
ရေးအပိုင်းကိုသာ ထိန်းထားနိုင်ပြီး စီးပွားရေးအပိုင်းတွင်တော့ တရုတ်က နေရာယူလာပြီဟု ဦးချစ်ထွန်းဖေက သုံးသပ်သည်။ယင်းက ယခုလိုလည်း ပြောဆိုပါသေးသည်။

”တောင်တရုတ်ပင်လယ်ကိစ္စမှာဆိုရင် လုံခြုံရေးနဲ့ စီးပွားရေးကို မဟာ
ဗျူဟာကျကျ ချမှတ်နိုင်ဖို့ လိုပါတယ်။ အာဆီယံက တရုတ်၊ အမေရိကန်နဲ့ ဂျပန်တို့အကြား ကစားနေရတာ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာက သူတို့အတွက် အရေးကြီးတယ်”။ ။

# Flower News Journal, Vol.12, No.17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: