Leave a comment

ရိုဟင်ဂျာ အမည်ကိုသာ ခေါ်ဝေါ်သုံးမည်

image

ဓါတ်ပုံ – U.S. Embassy Rangoon (ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ  အမေရိကန်သံအမတ်ကြီး Scot Marciel က မေးမြန်းချက်များကို ပြန်လည်ဖြေ ကြားစဉ်)

ရိုဟင်ဂျာ အမည်ကိုသာ ခေါ်ဝေါ်သုံးမည်

အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာ အမည်ကိုသာ သုံးစွဲသွားမှာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စီးပွားရေး အသိုင်းအ၀ိုင်း၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သံအမတ်ကြီးကို ရိုဟင်ဂျာ အမည်ကိစ္စ ပြောတယ်ဆိုတာ အတည်ပြုပေးနိုင်မလား အမေရိကန် အစိုးရရဲ့ သဘောထား ဘယ်လိုရှိပါသလဲလို့ မေးမြန်းရာ မှာ သံအမတ်ကြီး Mr. Marciel က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ချဉ်းကပ်မှုက တကမ္ဘာလုံးမှာရှိတဲ့ ဘယ် နေရာ က လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင် တယ်ဆိုတဲ့အတိုင်း ကျနော်တို့က ခေါ်ဆိုရမှာ ဖြစ်ပါ တယ်။ အဲဒါဟာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ချဉ်းကပ်မှု ရပ်တည်မှု ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း အရင်ကတည်းက အဲဒီအတိုင်းပဲ ရပ်တည်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်လို့” သံအမတ် ကြီး Scot Marciel က ပြောသွားတာပါ။

သံအမတ်ကြီးက သူ့အနေနဲ့ သံတမန်ဆက်ဆံရေးအရ ပြောဆိုဆွေးနွေးတာတွေကို အများပြည်သူကို ပြောလို့မရ ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးက အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားပြီး ချမ်းသာ ကြွယ်ဝ တဲ့ နိုင်ငံဖြစ်စေချင်သလို လူတိုင်း လူ့အခွင့်အရေး အပြည့်အဝခံစားရတာ မြင်စေလိုကြောင်းလည်း ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: