Leave a comment

ပျောက်ဆုံး အီဂျစ် အဲလေယာဉ် ပင်လယ်ပြင် ထဲပျက်ကျ ခဲ့ဟုဆို

image

ပဲရစ်ကနေ အီဂျစ်မြို့တော်ကိုင်ရိုကိုပျံသန်းလာစဉ် ပျောက် ဆုံးသွားတဲ့ အီဂျစ်အဲ လေယာဉ်တစ်စင်းဟာ အီဂျစ်နိုင်ငံလေပိုင်နက်အတွင်း ရှိနေစဉ် ဂရိပိုင်ကျွန်း တစ်ခုအနီး ပင်လယ်ပြင်ထဲပျက်ကျသွားခဲ့တယ်လို့ ဂရိလေကြောင်းသတင်းအရင်းအမြစ်တစ်ခုကပြော ကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

ခရီးစဉ်အမှတ်MS804 ဟာ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၆၆ဦး တင်ဆောင်လာပြီး မြေထဲပင်လယ် အရှေ့ပိုင်းကိုဖြတ်ကျော်ပျံသန်းနေစဉ် ဒီကနေ့မနက် အစောပိုင်းမှာ အဆက်အသွယ်ပြတ် တောက် သွားခဲ့ ပါတယ်။
`0029 GMT လောက်မှာ လေယာဉ်က ဂရိရဲ့ ရေဒါ တွေကနေ ပျောက်သွားတယ်။ ကာပါသော့စ်ကျွန်း ကမ်းလွန် ပင်လယ်ပြင် ရေမိုင် ၁၃၀ ၀န်းကျင် လောက်မှာ ပျက်ကျသွားတယ်´ လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
လေယာဉ်မှူးနဲ့ နောက်ဆုံးအဆက်အသွယ်လုပ်ပြီး သုံး မိနစ် လောက်အကြာမှာ အခုလို ပျောက်ဆုံးသွား ခဲ့တာ လို့ သူကဆက်ပြောပါတယ်။ အခက်အခဲရှိကြောင်းအချက်ပြမှုတစ်စုံတရာလည်း မရှိခဲ့ဘူး လို့ သိရပါတယ်။
ဂရိ ကာကွယ်ရေးဌာနကတော့ လေယာဉ်ပျက်ကိုရှာဖွေဖို့ လေယာဉ်နှစ်စင်း နဲ့ သင်္ဘောအုပ်စုတစ်စု စေလွှတ်ထား ကြောင်း ပြောပါတယ်။ အခုထိတော့ လေယာဉ်ပျက် အပိုင်း အစတွေ ရှာတွေ့ခြင်း မရှိသေးပါဘူး။
လေယာဉ်ပေါ်ပါ ခရီးသည် ၅၆ဦးအနက် ၂၆ဦးက နိုင်ငံခြား သား တွေဖြစ်ကြတယ်လို့ အီဂျစ်အဲကပြောပါ တယ်။ ပြင်သစ် ၁၅ဦး၊ ဗြိတိန် တစ်ဦး နဲ့ ကနေဒါတစ်ဦး တို့ အပြင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ဆော်ဒီ၊ ဆူဒန်၊ ချတ်ဒ်၊ အယ်ဂျီးရီးယား တို့က တစ်ဦးစီ နဲ့ အီရတ်နှစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
လေယာဉ်ပျောက်ဆုံးရခြင်းအကြောင်းကို အခုထိမသိ ရသေးဘူးလို့ အီဂျစ်အဲက ထုတ်ပြန်ထားပါတယ်။
Ref: AFP ( May 19, 2016 )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: