Leave a comment

လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တူရကီတွင် ကျင်းပမည်

မေ ၂၄၊ ၂၀၁၆
M-Media

un

– တူရကီမှာ ကျင်းပမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးညီလာခံဟာ ကမ္ဘာ့ပြည်သူလူထုရဲ့ လိုအပ်ချက် ကို ဖြည့် ဆည်းပေးဖို့ အခွင့်အလမ်းတစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး စတီဖင် အိုဘရိုင်ယန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ပထမဆုံးဖြစ်မယ့် အဲဒီ ထိပ်သီးအစည်းဝေးကို တနင်္လာနဲ့ အင်္ဂါနေ့မှာ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အချက် အလက်တွေအရ ကမ္ဘာတစ်ဝှမ်း လူ သန်း ၁၃၀ လောက်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီ အတွက်   ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဒေါ်လာ ၂၅ မှ ၃၀ ဘီလီယံထိအထိ လိုအပ်ပြီး အဲဒီ ထိပ်သီးအစည်း အဝေးကို နိုင်ငံ့ခေါင်းဆောင် အနည်းဆုံး ၅၀ နဲ့အတူ ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံက ၁၂၅ နိုင်ငံ တက်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။

Ref: IINA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: