Leave a comment

စူပါ ပါဝါများကြားမှ မြန်မာ့ကစားကွက်ဆန်း

image

image

ယခုရက်ပိုင်းသည် အမေရိ ကန်နှင့် ရုရှား ကမ္ဘာ့ပြိုင်ဘက် နှစ်ဦး စလုံးက အာဆီယံကို အထူးအာရုံ စိုက်သောကာလ ဖြစ်နေသည်။ လသားသာ ရှိသေးသော မြန်မာအစိုး ရသစ်က ထိုစူပါပါဝါနှစ်ဦးစလုံးကို တိုက်ရိုက် လက်ဆွဲ နှုတ်ဆက်လိုက်သော အခိုက်အတန့်လည်း ဖြစ် သည်။ မြန်မာအကြီးအကဲတစ်ဦး က ရုရှားသမ္မတကို ပထမဆုံး တွေ့ဆုံမှုအဖြစ် ပူတင်အား ဦးထင်ကျော်က သွားရောက် တွေ့ဆုံနေချိန် တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို ဒေါ်အောင် ဆန်းစုကြည်က ကြိုဆိုတွေ့ဆုံခဲ့ သည်။

ရုရှား-အာဆီယံ ထိပ်သီးညီလာခံသို့ သမ္မတဦးထင်ကျော် သွား ရောက်ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်း စုကြည် လိုက်ပါခဲ့ခြင်း မရှိပေ။ ရုရှားနှင့် မြန်မာ အကြား စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှေ့ဆက်တိုးတက်မည့် အလားအလာ ရှိသည်ဟု ပူတင်က မြန်မာသမ္မတ အားပြောကြားပြီး သုံးရက်အကြာ၌ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဂျွန်ကယ်ရီ နေပြည်တော်သို့ ရောက်ရှိလာ သည်။ ၎င်း၏ ခရီးစဉ်မတိုင်ခင်မှာပင်  အမေရိကန်အစိုးရ သည် မြန်မာနိုင်ငံပိုင် လုပ်ငန်း(၇)ခုနှင့် ဘဏ်(၃)ခုကို ပိတ်ဆို့မှုကို ဖြေလျှော့ပေးလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ‘‘သမ္မတအိုဘားမား ကအာရှကို သူ့ရဲ့သမ္မတသက်တမ်းဦးစားပေးတစ်ခုအဖြစ် လုပ်ဆောင်ခဲ့သလို မြန်မာနိုင်ငံကို အာရှဆိုင်ရာ ကျွန်တော်တို့မူဝါဒရဲ့ ဗဟိုချက်မအဖြစ် သတ်မှတ်ထား
ပါတယ်။သူဟာ သိသိသာသာ ထင်ထင်ရှားရှားပဲ ဒီနိုင်ငံကို နှစ်ကြိမ်တောင်အလည် အပတ်လာရောက် ခဲ့ပါတယ်’’ဟု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကိုအခိုင်အမာ ထောက်ခံကြောင်းသတင်းစကားပါး ရန်သာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

သို့သော် မြန်မာနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးကို မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မေးမြန်းနားထောင်ခဲ့ပြီး သိရှိကြောင်း ဖွင့်ဟပြောကြားလာသည်။

‘‘အာဆီယံနဲ့၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနဲ့ မြန်မာအကြား ဆက် ဆံရေး၊ နောက်ပြီး ဒီနိုင်ငံရင်ဆိုင် နေရတဲ့ တခြားစိန်ခေါ်မှုတွေကိုလည်း တလေးတစား ကျွန်တော် တို့ နားထောင်ခဲ့ပါတယ်’’ဟု မစ္စတာကယ်ရီက
ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။

ဤအတောအတွင်း ပြည် ထောင်စု လွှတ်တော်၌ ရုရှား- မြန်မာ စစ်ဘက်ဆက်ဆံရေး တိုး မြှင့်ရေးစာချုပ်ချုပ်ဆို ရန် အတည် ပြုမှု ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မေလဆန်းက မော်စကိုမြို့တွင် ရုရှား ကာကွယ်ရေးဝန်ကြီးနှင့် မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး စိန်ဝင်းတို့ တွေ့ဆုံခဲ့ပြီး နှစ် နိုင်ငံ စစ်ဘက်ဆက်ဆံရေး ခိုင်မာ အားကောင်းရေး ဆွေးနွေးမှုရှိခဲ့ သည်။

၂၀၀၇ က ကုလသမဂ္ဂအစည်းအဝေးတွင် မြန်မာစစ် အစိုးရ အား အပြစ်ပေးရန် ဆုံးဖြတ်ချက် ကို ရုရှားက ဗီတိုအာဏာသုံးကာ ကန့်ကွက်ပယ်ချခဲ့ခြင်းအပါအ၀င် နှစ်နိုင်ငံအကြား၌ ရင်းနှီးသော စစ်တပ်ချင်း ဆက်ဆံရေး ရှိခဲ့သည်။

သမ္မတဦးထင်ကျော်နှင့် ရုရှား သမ္မတ ပူတင်တို့ တွေ့ဆုံမှုအပေါ် ပြည်တွင်း၌ သုံးသပ်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့သော် အရပ် သားသမ္မတနှင့် တွေ့ဆုံမှု၌မူပူတင် က စီးပွားရေး ပူးပေါင်းဆောင်ရွက် မည့် ကိစ္စများကိုသာ အဓိကထား ဆွေးနွေးခဲ့သည်။

‘‘ရုရှားဟာ လွှမ်းမိုးမှုပဲ ပိုလို ချင်တာလို့ ကျွန်တော်ထင် တယ်။ မြန်မာအစိုးရအနေနဲ့ အဲဒါကိုခုခံရ မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ ဟာခင်ဗျားတို့သွားချင်တဲ့ ဦးတည်ချက်မဟုတ်ဘူး။ ရုရှားဟာ အာဏာရှင်ဆန်တဲ့ အာဏာရှင် အုပ်ချုပ်မှုပဲ’’ဟု ကမ္ဘာတစ်ဝန်း အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ တက္ကဆက် တက္ကသိုလ်ပါမောက္ခ ဇိုတန်ဘာရန်နီက ပြောသည်။

ဆက်လက်ပြီး ၎င်းက ‘‘ရုရှား ဟာ ဒီမိုကရက်တစ် အစိုးရသစ် သွားချင်တဲ့ ဦးတည်ချက်လို့ ဘယ် သူမှပြောမှာမဟုတ်ဘူး’’ ဟု ဆို သည်။

တစ်ချိန်တည်းမှာပင် အမေ ရိကန်နှင့် မြန်မာအကြား စစ်တပ် ချင်း ဆက်ဆံရေးကို တိုးမြှင့်လို ကြောင်း တစ်ကြိမ်ထက်မနည်း ပြောကြားဖူးသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ လ ၂၂ရက်တွင် ကန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံရာ၌လည်း ထပ်မံပြောကြားခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်နှစ်ရပ်အ ကြား ဆက်ဆံရေးတိုးမြှင့်လိုပြီး ယင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင် မှု၊ အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များ၊ ပြုပြင် ပြောင်းလဲမှု အခြေအနေများနှင့် သက်ဆိုင်ကြောင်း မစ္စတာကယ်ရီ က ပြောကြားခဲ့သည်။

အမေရိကန်နှင့် မြန်မာ စစ်တပ်ချင်း ပြန်လည်စေ့စပ် ညှိနှိုင်းမှုသည် အစောပိုင်း အစပျိုးသည့်အဆင့်မှ မတက်သေးပေ။ ယခုလ ဆန်းက မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ် စကော့မာစီရယ် က မိန့်ခွန်း ပြောကြားရာတွင် စစ်တပ်ချင်းဆက်ဆံရေးကို သတိ ကြီးကြီး ထားပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ သည်။

ထူးခြားသည်က လွန်ခဲ့သော ၂ နှစ်၊ပြီးခဲ့သည့် အစိုးရ လက်ထက် အမေရိကန်က မြန်မာနှင့်ပတ်သက်၍ အာရုံစိုက်စိုးရိမ်မှုများခဲ့ သော ပြဿနာ တစ်ခုဖြစ်သည့် ရုရှား၊ မြောက်ကိုရီးယားတို့နှင့် ပတ်သက်နေသော  နျူကလီးယား လက်နက် နည်းပညာ ပိုင်ဆိုင်မှု အရေးကို ယခုဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာ၌ အမေရိကန် အစိုးရက ဖိအားပေးမှု လုံးဝမပြုလုပ်ခြင်းဖြစ်သည်။

‘‘ဒီအပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကျွန်မတို့ အပေါ် တွန်းအား မပေးခဲ့ပါဘူး။ ၀န်ကြီးကယ်ရီက ဒါကိုအကျဉ်းချုံးပဲပြောခဲ့ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က မစ္စတာကယ်ရီနှင့်တွေ့ဆုံပြီးချိန်၌ သတင်း ထောက်များ အားပြောကြားခဲ့သည်။

မြန်မာအနေဖြင့် ထိုကိစ္စကို ဖော်ထုတ် ပြောဆိုရန် ခြေလှမ်း သည်ကိုပင် အမေရိကန်အနေဖြင့် ကျေနပ်ပြီး နှစ်နိုင်ငံအနေဖြင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၊ တစ်သဘောတည်းဖြစ်၍ အားရသည်ဟု ကန်နိုင်ငံခြားဘ ရေးဝန်ကြီးကပြောကြားခဲ့သည်။

မစ္စတာကယ်ရီသည် နေပြည်တော်၌ နာရီပိုင်းသာ နေပြီး နောက် ဗီယက်နမ်နိုင်ငံသို့ ချက်ချင်း သွားရောက် ကာ ၎င်း၏ သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့သည်။

မြန်မာသို့ နှစ်ကြိမ်လာရောက်ခဲ့ဖူးသော သမ္မတ အိုဘားမား က ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံသို့ မ၀င်ဘဲ ဗီယက်နမ်နိုင်ငံသို့ ကျော်သွားခဲ့သည်။ သမ္မတအိုဘားမားသည် ဟနွိုင်းမြို့သို့ ခရီးရောက် မဆိုက်ပင် ဗီယက်နမ်အပေါ် အမေရိကန်က လက်နက်ကုန်သွယ်မှုပိတ်ဆို့ထားခြင်းကို ဖြေလျှော့ပေး လိုက်ကြောင်း ကြေညာခဲ့ သည်။

ဗီယက်နမ်သည်  ရုရှား၊ တရုတ်တို့နှင့် နီးကပ်သော ဆက်ဆံ ရေးရှိသည့် ကွန်မြူနစ်စနစ်အခြေ ခိုင်နေဆဲနိုင်ငံဖြစ်သည်။ ပိတ်ဆို့မှု ဖြေလျှော့ရန် ဆုံးဖြတ်ချက်သည် တရုတ်အပေါ်တွင် လည်းကောင်း၊ အခြားအကြောင်းများအပေါ်တွင် လည်းကောင်း၊ အခြေခံ ဆုံးဖြတ်ထားခြင်း မဟုတ်ဟု အိုဘားမားကပြောသည်။

မြန်မာနိုင်ငံသည် အမေရိကန်အစိုးရ၏ လက်နက် ကုန်သွယ် မှု ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၀ါရှင်တန်ပို့စ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အင်တာဗျူးတွင် တပ်ချုပ် က ယင်းပိတ်ဆို့မှုကို ပယ်ဖျက်စေလိုသည့် ၎င်း၏ ဆန္ဒကို အရိပ်အမြွက်ပြ ခဲ့သည်။ ထို့အပြင် အမေရိကန်က လက်နက်ရောင်းပါက ၀ယ်ယူလိုကြောင်းဖြေကြားခဲ့သည်။

သို့သော် ယခုအချိန်အထိ ၀ါရှင်တန်က မြန်မာစစ်တပ်ကို လက်နက် ကုန်သွယ်ခွင့်ပေးမည့် အရိပ်အယောင်ပင် မပြသေးပေ။ ၀ါရှင်တန်၏ ပိတ်ပင်ခံထားရခြင်း အကြောင်းရင်းများစွာ အနက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းလည်း အဓိကပါဝင်သည်။

တနင်္ဂနွေနေ့က တပ်ချုပ်နှင့် ကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ ဆုံရာတွင် တပ်ချုပ်က ငြိမ်းချမ်း ရေးရရန် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အလေးထားပြီး ဆက်လက် လုပ်ဆောင်မည်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် နေသော ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အောင်မြင်အောင် ထောက်ခံသွားမည်ဟု ကန် နိုင်ငံခြားရေး ၀န်ကြီးအား ပြောကြား သည်။ ထို့အပြင်  နျူကလီးယားအရေးသည် အစိုးရ၏ မူဝါဒသာ အဓိကဖြစ်သည်ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ် နှင့် ဂျပန်၏ ခြေလှမ်းများက ဒီချုပ် အစိုးရသစ်လက်ထက် ယခင်ကထက် ပိုသွက်နေ သည်။ တရုတ်သံ အမတ်သည် ရွေးကောက်ပွဲအနိုင် ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လက်ခံ
တွေ့ဆုံခဲ့သော သံအမတ်ဖြစ်ပြီး မေလ ဆန်းက ရောက်ရှိလာသည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာ မြန်မာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများပေးမည်ဟု ကတိပြုခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့များ (NCA) ရေးထိုးရန် တရုတ်က တိုက်တွန်းထား ပါသည်ဟု တရုတ်သံအမတ် က သတင်းထောက်များအား ပြောကြားခဲ့သည်။

‘‘ဂျပန်က အာရှရဲ့ ဒီဘက်အပိုင်းမှာ ပိုပြီး ချိန်ခွင်လျှာမျှ အောင် ကူညီချင်တယ်လို့  သိသာတာက ဂျပန်ဟာ မြန်မကျွန်တော်ထင်တယ်။ာနိုင်ငံမှာ  ကြီးကြီးမားမား ရှိနေတဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို လျှော့ချရေးမှာ စိတ်ဝင်စားနေ တယ်’’ဟု မြန်မာနိုင်ငံသို့ လတ်တလော ခရီးရှည်လာရောက်ခဲ့သည့် စောင့်ကြည့်လေ့လာသူ ပရော်ဖက်ဆာ ဇိုတန်ဘာရန်နီက ပြော သည်။

မြန်မာအကြီးအကဲများအား အလည်အပတ် ဖိတ်ခေါ် နေသော ဂျပန်၊ တရုတ် စသည့် နိုင်ငံများစွာ အနက် ဒီချုပ်အစိုးရသစ်၏ သမ္မတ နှင့် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်တို့က ၎င်းတို့၏ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် လာအိုနိုင်ငံကို ရွေးချယ်ခဲ့သည်။

လာအိုသည် ဗီယက်နမ်၏ ကွန်မြူနစ်စနစ်ကို ပုံတူကူးကျင့်သုံးနေပြီး တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်သည်။ လာအိုသည် ယခုနှစ်၏ အာဆီယံ အိမ်ရှင်ဖြစ်၍ အလည်အပတ် သွားရောက်ခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေး ၀န်ကြီးဌာနက ကြေညာခဲ့ သည်။ သို့သော် လာအိုကိုရွေးချယ်ခဲ့ခြင်းမှာ ဘက်လိုက်ခြင်း နည်းနိုင် သမျှနည်းရန် ရွေးချယ်မှုဟု စောင့်ကြည့်သူများက သုံးသပ်သည်။

‘‘ကျွန်တော်စဉ်းစားမိတဲ့ တစ်ခုတည်းသော အကြောင်းပြချက် ကတော့ အိမ်နီးချင်းနိုင်ငံတွေထဲ မှာ လာအိုက အငြင်းပွားဖွယ် အနည်းဆုံးဖြစ်လို့ပဲ။ အိန္ဒိယ၊ တရုတ် ဒါမှမဟုတ် ထိုင်းနိုင်ငံတွေကိုပထမဆုံး ခရီးစဉ်အဖြစ် သွားခြင်းကို ဘက်တစ်ဖက်ဘက် ရပ်တည်မှုအဖြစ် ကောက်ယူနိုင်ပြီး ဘင်္ဂလားဒေ့ရှ်ကို ရွေးဖို့ဆိုပြန်ရင်လည်း ဖြစ်ကိုမဖြစ်နိုင်ဘူးလေ’’ဟု မြန်မာ့ အရေးကျွမ်းကျင်သူ ၀ါရင့်သတင်း စာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီချုပ်အစိုးရ လက်ထက်တွင် လာအိုမှလွဲ၍ အခြားမည်သည့် နိုင်ငံကိုမျှသွားရောက်ခြင်းမ ရှိသေးဘဲ နေပြည်တော်သို့ ဆက် တိုက် လာရောက်နေသော နိုင်ငံ တကာ နိုင်ငံခြားရေးဝန်ကြီးများ၊ သံအမတ်များကိုသာ လက်ခံတွေ့ဆုံနေသည်။ ၎င်းအနေဖြင့် ဇူလိုင် တွင် လာအို၌ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန်ရှိနေ သည်။  အာဆီယံအနေဖြင့် အမေ ရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားတို့နှင့်  သီးသန့်ချိတ်ဆက်မှုများရှိရာ နိုင်ငံတကာ ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒေါ်အောင်ဆန်းစုကြည်ထံမှ နိုင်ငံတကာအမြင် အကူအညီများ ရနိုင်မည်ဟု အာဆီယံ စောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။

လတ်တလော မြန်မာနိုင်ငံ၏ ကမ္ဘာ့စူပါပါဝါများနှင့် ဆက်သွယ်မှုက နိုင်ငံရေးလေ့လာသူအချို့ ကိုမျက်စိလည်စေခဲ့သည်။ ဒီချုပ် အစိုးရလက်ထက်တွင် အမေရိကန်နှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်ဟု အများစု မျှော်လင့်ထားသော်လည်း တရုတ်၊ ရုရှားတို့နှင့်ဆက်ဆံရေး ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး အမေရိကန်နှင့် အနည်းငယ် အေးစက်သွားသည့် အခြေအနေကို မျက်စိလည်ကုန်သည်။ မဟာဗျူဟာ မြောက်လှသည့်နိုင်ငံ၏ တည်ရှိမှုကို အခြေပြု၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ကမ္ဘာ့မျက်နှာစာတွင် အင်အားကြီး မြန်မာနိုင်ငံဖြစ်လာအောင် မည်သို့ စွမ်းဆောင်ပြမည်လဲ ဆိုသည်ကို စောင့်ကြည့်ရပေမည်။

Byငြိမ်းငြိမ်းပြည့်(7Day)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: