Leave a comment

ရပ်ကွက် ကျေးရွာများ အတွင်း အသံချဲ့စက် အသုံး ပြု ရန် သုံးရက် ကြိုတင် လျှောက်ထား ရမည်

ရပ်ကွက် ကျေးရွာများ အတွင်း အသံချဲ့စက် အသုံးပြုရန် သုံးရက် ကြိုတင် လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ပါက အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ပြောကြား

၂၅..၅..၁၆

ရပ်ကွက် ကျေးရွာများ အတွင်း အသံချဲ့စက် ဖွင့်လှစ် အသုံးပြုရန် သက်ဆိုင်ရာသို့ သုံးရက်ကြိုတင် လျှောက်ထား ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက် ဖွင့်လှစ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက မေ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားသည်။

လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ “အသံချဲ့စက်သံများကြောင့် ကျန်းမာရေး ပညာရေးကို များစွာ ထိခိုက်နိုင်စေသောကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ အနေဖြင့် အသံချဲ့စက် ဥပဒေ ကို ရပ်ကွက် ကျေးရွာများ အထိ ထိရောက်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယခုလို ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အသံချဲ့စက် ဥပဒေအား ရပ်ကွက် ကျေးရွာ အုပ်စုများအထိ သက်ရောက်စေရန် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ အခန်း(၇) အပိုဒ် ၁၃ အပိုဒ်ခွဲ ‘ဈ’ အရ အသံချဲ့စက် ဖွင့်လှစ် တောင်းခံခြင်းကို စည်းကမ်း သတ်မှတ်ချက်နှင့် ခွင့်ပြုခြင်း၊ ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက် ဖွင့်သူ သို့မဟုတ် စည်းကမ်း ဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်းများ အဆင့်ဆင့် ကြပ်မတ်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ညွှန်ကြား ထားရှိကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း (၉) အပိုဒ် ၁၈ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက် ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့် ရယူရမည့် အပြင် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်
ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ပြောကြားသည်။

“ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက်ဖွင့်ခွင့် မရှိပါဘူး။ သုံးရက်ကြိုတင် လျှောက်ထားရပါမယ်။ လျှောက်ထားပြီး ခွင့်ပြုချက် ရရင်လည်း သတ်မှတ် အချိန်မှာသာ ဖွင့်ရမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက် မရှိဘဲ ဖွင့်မယ်ဆိုရင် ကျပ် ၅၀၀၀ ထက် မပိုသော ဒဏ်ငွေနဲ့ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက် မပိုသော ထောင်ဒဏ် ကျခံစေရန် သက်ဆိုင်ရာ တရားရုံးက ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရပ်ကွက်ကျေးရွာအတွင်း အသံချဲ့စက် ဖွင့်ခွင့် တောင်းခံခြင်းကို စည်းကမ်း သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက် ဖွင့်သူ သို့မဟုတ် ဖောက်ဖျက်သူအား အရေးယူရန် ညွှန်ကြားထားပြီး သက်ဆိုင်ရာ တရားရုံးတွင်လည်း တရားစွဲဆိုရန် ညွှန်ကြားထားပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း ပြည်သူများ သိရှိအောင် ရှင်းလင်းပြောကြားရန် ညွှန်ကြားထားရှိပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ပြောကြားသည်။
============
Eleven Media Group

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: