Leave a comment

ရခိုင်ပြည် ၀န်ကြီး ဦးညီပုနဲ့ အဖွဲ့ မြေပုံမြို့ရှိ ဒုက္ခသည် များနဲ့ တွေ့ဆုံ

(၁-၆-၂၀၁၆)
ယနေ့ မွန်းလွဲပိုင်း ဆယ့်နှစ်နာရီလေးဆယ့်ငါးမိနစ်ခန့်က မြေပုံ-ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်းမရှိခဲ့ပဲ ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်များဖြစ်ကြသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု အပါအ၀င်နယ်လုံ ၀န်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီး အပါဝင် အစိုးရအဖွဲ့ဝင် ခြောက်ဦးခန့် လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် မိနစ်နှစ်ဆယ်ခန့် တွေ့ဆုံခဲ့ပြောကြားခဲ့ပြီး ဒုက္ခသည်များအား အချိန်အကန့်သတ် ရှိသောကြောင့် ပြန်လည်တင်ပြပြောဆိုမှု့ အခွင့်ရေးမရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးညီပုက ပြောကြားရာတွင် မိမိတို့အားလုံးနားလည်သိရှိပြီး ဖြစ်သည့်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေး  သွားမှာ ဖြစ်ကြောင်း၊ ယုံကြည်မှု့ ရှိဖို့တော့ လိုအပ်ကြောင်း၊ ယုံကြည်မှု့မရှိပါက လုပ်ဖို့ခဲယဉ်းကြောင်း၊ ခင်ဗျားတို့ လိုချင်သည့်အရာများကို နိုင်ငံတကာအဆင့်တန်းနှင့် အညီ လုပ်ကိုင်ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီလောက်ဆို သဘောပေါက်သင့်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အခက်ခဲများ အများကြီးရှိကြောင်း၊ လက်တလော   ဖြေရှင်းလို့ရတာလည်း၇ှိသလို ရေရှည်ဖြေရှင်းသွားရမည့် အရာများလည်းရှိကြောင်း၊ ဒီလူတွေ ရေရှည်နေထိုင်သွားဖို့ ဆိုလျှင် အရှည်ကြီးကို ကြည့်ရမှာ ဖြစ်ကြောင်း၊ တိုတိုလေးကိုမကြည့်ပါနှင့် ဟုပြောလိုကြောင်း၊ ဒါကိုတော့ လက်ခံနိုင်တယ်။ ဒါကိုတော့လက်မခံနိုင်ဆိုပြီးတော့ သူ့ဘက်ကိုယ့်ဘက် လေးငဲ့ပြီး ကိုယ့်ဘက်က လိုချင်တာ ချည်းကိုပဲ တောင်းဆိုနေမည်ဆိုပါက ပိုပြီးတော့ကြာညောင်းသွားနိုင်ကြောင်း။ ကျွန်တော် တို့သည် အသစ်ဖြစ်ကြောင်း၊ အရင်လုပ်သွားခဲ့သည့်အဟောင်းမဟုတ်ကြောင်း၊အရင် အဟောင်းတွေ လုပ်သွားခဲ့သည် ကို ထောက်ပြပြီးတော့ ကျနော်တို့ အစိုးရအသစ်လုပ်နေတာတွေကို ကြည့်ပြီးတော့ ဒါတော့ ယုံတယ်၊ ဒါတော့ မယုံဘူး၊ ဒါတော့ ဖြစ်နိုင်တယ်၊ ဒါတော့ မဖြစ်နိုင်ဖူး ဆိုတာ ပြောလို့ မရကြောင်း၊ ဒါဟာသိပ်ကို အရေးကြီးကြောင်း။ ကျွန်တော်တို့ သည် လူသစ်၊ အစိုးရသစ်၊ ဥပဒေသစ်၊ မူအသစ်ပဲ ဖြစ်ချင်ပါကြောင်း၊ ကိုယ့်လူတွေလည်း အများကြီးစဉ်းစားပါ။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်မှာကို ယုံကြည်ထားဖို့လိုကြောင်း။ ကျွန်တော်တို့ လုပ်သွားတာကို ယုံကြည် စိတ်ရှည် သီးခံပြီး လက်ခံပေးကြဖို့ အရေးကြီးကြောင်း၊ ဒါမရလို့ ဟိုဟာမရလို့ ပြစ်တင် နေလျှင် ကျနော်တို့ အလုပ်လုပ်ရခက်ခဲပြီး ခင်ဗျားတို့ နောင်လာနောင်သားတွေ အထိပင် ခက်ခဲသွားနိုင်ကြောင်း။ကျနော်တို့ လုပ်တဲ့အပေါ်မှာ ယုံယုံကြည်ကြည်နှင့် လက်ခံပေးပါဟု နိဂုံးချုပ်ပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီး နယ်လုံဝန်ကြီးက ပြောကြားရာတွင်-အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ လာတွေ့တာဖြစ်ကြောင်း၊ ကျနော်တို့ အစိုးရသစ် ဘက်မှ လူ့အခွင့်ရေးချိုးဖောက်ပြီး နိုင်လိုမင်းထက် လုပ်ခဲ့တာမရှိကြောင်း၊ အခုလည်း လာကြည့်တာ စိတ်ထဲက ဘာမှမရှိပါကြောင်း၊ ကိုယ့်လူတွေ ဘယ်လိုနေလဲ၊ စားနေလဲ၊ အဆင်ပြေကြလား ရှေ့ဆက်ငါတို့ ဘာတွေ လုပ်ပေးရမလဲဆိုတာကိုပဲ လာကြည့်တာ ဖြစ်ကြောင်း၊ ကျနော်တို့သည် အလုပ်လုပ်တိုင်းလုပ်တိုင်း နောင်တွင် မျှတမှု့ကိုသာ ထည့်သွင်းစဉ်းစားသွားတော့မှာ ဖြစ်ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ဘာတွေ လုပ်ပေးရမလဲသာ ကျနော်တို့ စဉ်းစားနေကြောင်း၊ ကျနော်တို့ အားလုံးရဲ့ လူသား အချင်းချင်း ထားရှိရမဲ့ မေတ္တာမပျက်ပါကြောင်း၊ ဘယ်သူ့ ဘယ်သူ့ အပေါ်မှာမှ ဘာစိတ် မှ မရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ဘာသာရေးအရ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်ရာ ကိုးကွယ်ကြ တာမည်သူ့ကိုမှလည်း ထိခိုက်နစ်နာမှု့မရှိပါကြောင်း၊ ကိုယ်ကြိုက်တာ ကိုယ်အပြန်လှန် ယုံကြည် ကိုးကွယ်ကြ တာဖြစ်ကြောင်း။ သို့ သော်နိုင်ငံသားအားလုံးသည် တရားဥပဒေနှင့်အညီ လေးစား လိုက်နာ နေထိုင်သွား ရမှာ ပဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ပြောဆိုအပြီးတွင် လူငယ်လေး တစ်ယောက်က အရဲစွန့်၍ တစ်ခုလောက်   ပြောပါရစေဟု မေတ္တာရပ်ခံခဲ့သဖြင့် ပြောခွင့်ရခဲ့ပါသည်။ သူကပြောကြားရာတွင်- ယခင် ဦးခင်ရီလာတုန်းက ခင်ဗျားတို့ နိုင်ငံသားစီစစ်ရေး မှတ်ပုံတင် ကိုင်လို့၇ှိရင် ပြေလည်သွားမည်ဟု ကတိပေးခဲ့၍ ကျနော်တို့အထဲမှ အချို့က ဘင်္ဂလီဖြင့် နိုင်ငံသား ကဒ် ထုတ်ယူခဲ့ကြသော်လည်း ယခုထိ ဒုက္ခသည်စခန်းထဲမှာပင် နေထိုင်နေကြရပြီး၊ အပြင်လည်း ထွက်ခွင့်၊ စီးပွားရေးလုပ်ခွင့်နှင့်၊ ဆေးကုသခွင့်လည်း မရခဲ့ကြကြောင်း။ ပြောပြီးပြန်၊ ပြီးသွားယုံနှင့်တော့မပြီးကြောင်း။ ကျနော်တို့သည် ယခု အင်န်အယ်လ်ဒီအစိုးရကို အင်မတန်မှ အားကိုးယုံကြည်ပါကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် ဒုက္ခသည် စခန်းရှိကျောင်းသို့ သွားရောက်ကြည့်ရှု့ခဲ့ကြသည်။ ကျောင်းသို့ သွားကြည့်ရာ တွင် မွတ်စလင်ကျောင်းဆရာတစ်ဦးဖြစ်သော ဦးလှရွှေနှင့် တွေ့ဆုံစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများက ဘာမှမပြောသော်လည်း ယင်းအဖွဲ့နှင့် ပါလာသော ပညာရေး ၀န်ထမ်းတစ်ဦးက ခင်ဗျားကျောင်းဆရာလုပ်ချင်လျှင် မုတ်ဆိတ် ၇ိတ်ရမည်ဟုပြောသဖြင့် ဦးလှရွှေမှ ဘာသာရေးယုံကြည်မှု့ဖြစ်၍ မရိတ်နိုင်ကြောင်း ပြန် လည်ပြော ဆိုမှု့ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါသည်။
ယင်းနောက် မွန်းလွဲ တစ်နာရီ မိနစ်နှစ်ဆယ်ခန့်အချိန်တွင် ယင်းအဖွဲ့သည် ဒုက္ခသည် စခန်းမှပြန်လည်   ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းအဖွဲ့နှင့်အတူ ဒီဗွီဘီ၊ အာရ်အဖ်အေ၊ အမ်အာရ်တီဗွီ စသည့် သတင်းဌာနများလည်း လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: