Leave a comment

ပင်လုံစာချူပ် ချူပ်ဖို့ ဗိုလ်ချူပ်ကို ကားမောင်း ပို့ပေးခဲ့သူ တောင်ကြီး မြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်

ဇွန် ၃၊ ၂၀၁၆
M-Media
သီဟ

ပင်လုံစာချုပ်ချုပ်ဆို မှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်းကို ကားမောင်းပို့ပေး ခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တောင်ကြီးမြို့တော်ဝန်ဟောင်း တောင်စွန္နီ ဂျာမေ့ဗလီ နာယကကြီးဖြစ်သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခါန်း ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက် ၄:၃၀ တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဦးခန်းသည် ဗိုလ်ချုပ်အောင် ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုး ရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက် လံပို့ဆောင်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ချုပ်နဲ့ တစ်နှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းကို တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ ယခင်လယ်ကျင်းရပ်ကွက် တွင် မွေးဖွား ခဲ့သည့် ဦးခန်းသည် တောင်ကြီး ABM ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံးမြို့တော်ဝန် အဖြစ်   ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက်လေးနှစ်အကြာမှာလည်း မြို့တော်ဝန် ဒုတိယ သက်တမ်းအတွက်   ရွေးကောက်   တင်မြှောက်ခြင်းခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဌအဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။

၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး   ဆောင်ရွက်သည် ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဦးခန်းဟာ တရားစွဲဆိုခြင်းမခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာနေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။

ထောင်မှလွတ်ပြီးသော်လည်း ဦးခန်းသည် ဇာတိတောင်ကြီးသို့ ချက်ချင်းပြန်ခွင့်မရသေးဘဲ ရန်ကုန်တွင် ခြောက်နှစ်ခန့်   ခြေချုပ်နှင့်နေ ခဲ့ရပါတယ်။

ထောင်ကထွက်လာပြီး ဦးခန်းက နိုင်ငံရေးနဲ့လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ်နိုင်ငံတစ်ဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက်အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

သားသမီးလေးဦးရှိပြီး မြေး ၁၁ ဦး၊ မြစ် ၇ ဦးတို့ ကျန်ရစ်ကြောင်းသိရှိရပါတယ်။

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးခန်းကို ယနေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့တို်င်းရင်းသားပေါင်းစုံ စွန္နီမွတ်စလင်မ် သုဿန်သို့ ပို့ဆောင် မြှုပ်နှံ သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။

Bio ref and photo Credit- ဧရာဝတီ၊ 7Days
.
ဆက်စပ်သတင်းများ ဖတ်ရန်
——————————
ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ
http://www.m-mediagroup.com/news/40930
.
ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ
http://www.m-mediagroup.com/news/39128
.
သက်ရှိ ပင်လုံမှတ်တမ်း
http://www.m-mediagroup.com/news/32147

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: