Leave a comment

လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့ တွင် ပြုလုပ်မည်

image

image

ဇွန် ၅၊ ၂၀၁၆
M-Media

– သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ဟဲဗီးဝိတ် ချန်ပီယံ ဟောင်း လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ဈာပန အခမ် အနား ကို သူမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ်ဗီလီ မြို့ မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုချစ် တဲ့ ပရိတ်သတ်တွေအားလုံးကို ဖိတ်ကြားတယ်လို့ ကျန်ရစ် သူ မိသားစုက ပြောကြားလိုက်ပါတယ်။

လှည့်လည်မှုတွေပါဝင်မယ့် အဲဒီအခမ်းအနားကို လာမယ့် တစ်ပတ် သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က လက်ဝှေ့ ကျော်ကြီး ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူစကား ပြော သွား မှာဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်အလီဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာ ခံစားခဲ့ရတဲ့ ပါကင်ဆန်ရောဂါရဲ့ နောက်ဆက် တွဲဖြစ် တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားရပြီးတဲ့ နောက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလပ်ကို လာမယ့် ၂ ရက်အတွင်း ကန်တာကီကို ယူဆောင်သွား မှာဖြစ်ပါတယ်။

မိသားစုနဲ့ ဆွေမျိုးတွေပါဝင်မယ့် သီးသန့် ဈာပနအခမ်း အနားကိုတော့ ကြာသာပတေးနေ့မှာ ကျင်းပပြုလုပ် မှာ ဖြစ်ပြီး သောကြာနေ့မှာလည်း မိုဟာမက်အလီရဲ့အိမ် မှာ မိသားစုတွေက စုပေါင်းကာ ၀တ်ပြု ဆုတောင်းမှာ ဖြစ်ပါ တယ်။ အဲဒီနောက်မှာ ရုပ်ကလပ်ကို မြို့ရဲ့ အဓိက လမ်းမ တွေမှာ လှည့်လည်သွားဖို့ အစီအစဉ် ရှိနေ ပါတယ်။

နောက်ဆုံး ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းမှုကို လူ ၂၀၀၀၀ ကျော်ဆန့်မယ့် KFC Yum စင်တာမှာ ပြုလုပ်သွားမှာဖြစ်ပြီး အလီရဲ့ သက်ဝင်ယုံကြည်မှုအတိုင်း အဲဒီ ၀တ်ပြုဆုတောင်းမှုကို ရှေ့ဆောင်အီမာမ်တစ်ပါးက ဦးဆောင်သွားမှာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရုပ်ကလပ်ကို ၁၉၄၂ ခုနှစ်မှာ သူမွေးဖွားခဲ့တဲ့ လူးဝစ်ဗီလီမြို့က Cave Hill သုဿာန်မှာ အစ္စလာမ့်ဓလေ့ထုံးတမ်းနဲ့အညီ မြှုပ်နှံ သွားမှာပါ။

လက်ဝှေ့သမိုင်းမှာ အကြီးအကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံရေးနယ်ပယ်မှာလည်း မှန်ရာကို မကြောက်မရွံ့ပြောဆိုတတ်မှုကြောင့် တစ်ကမ္ဘာလုံးက လေးစားရတဲ့ မိုဟာမက်အလီ ကွယ်လွန်ကြောင်း သတင်း ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှား​ကျော်ကြားသူတွေ အပါအ၀င် ကမ္ဘာတစ်ဝှမ်း လုံးက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး ချီးကျူးဂုဏ် ပြုမှု တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

လူးဝစ်ဗီလီမြို့ မြို့တော်ခန်းမမှာတော့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်တွေကို တစ်ဝက်စီ လွှင့်ထူထားခဲ့ကြပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း မိုဟာမက် အလီစင်တာအဖြစ် ပြုလုပ်ထားတဲ့ သူ့ရဲ့ ငယ်ဘ၀အိမ် ကိုသွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

Ref: BBC

လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: