၇..၆..၁၆
ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း တရားဝင် ထုတ် ပြန် ကြေညာမှုကို ဇူလိုင်လအတွင်း ဖီလာဒဲလ် ဖီးယားမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
–
ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းဖြစ်ရန် လိုအပ်တဲ့ ထောက်ခံမဲအရေအတွက်ကို ဟီလာရီ ကလင်တန် က ရရှိခဲ့ပြီဖြစ်ကြောင်း အေပီသတင်းဌာနက ယမန်နေ့က ပြောကြားပါတယ်။
–
ဟီလာရီက ပွာတိုရီကိုမှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းရွေးပွဲမှာ အနိုင်ရခဲ့ပြီးနောက် မဲအရေအတွက် ၂,၃၈၃ မဲ ရရှိခဲ့ပြီဖြစ်ကာ သမ္မတ လောင်း ဖြစ်ရန် သေချာသွားပြီ ဖြစ်ပါတယ်။
–
ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း တရားဝင် ထုတ်ပြန် ကြေညာမှုကို ဇူလိုင်လအတွင်း ဖီလာဒဲလ် ဖီးယား မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
–
ရီပတ်ဘလစ်ကင်ပါတီ သမ္မတလောင်းရွေးပွဲမှာလည်း ဒေါ်နယ်ထရန့်က အစောပိုင်းကတည်းက သမ္မတ လောင်းဖြစ်ရန် သေချာခဲ့ပြီးဖြစ်ရာ ယခုနှစ် ပြုလုပ်မယ့် အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲမှာ ဟီလာရီနဲ့ ထရန့်တို့ ယှဉ်ပြိုင်ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
===========
DuwunNews