Leave a comment

အမှတ် ၁ ရဲလေ့ကျင့်ရေး ကျောင်းသို့ ဒေါ်အောင်ဆန်း စုကြည် သွားရောက် စစ်ဆေး

image

image

ဧရာဝတီ၊ ဇွန် ၈၊ ၂၀၁၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရမည်းသင်းမြို့ရှိ အမှတ် ၁ ရဲလေ့ကျင့်ရေး ကျောင်း သို့ ယနေ့ သွားရောက် စစ်ဆေးကြောင်း သတင်း ရရှိသည်။

ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက် များ ကို ဖြည့်ဆည်း မပေးနိုင်လျှင် အဖိုးတန်ရဲများ မွေးထုတ်ပေးရာတွင် ပြဿနာ ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းကို ရဲတပ်ဖွဲ့ သင်တန်းကျောင်းများ၏ စံပြ သင်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ထားပြီး လိုအပ် သည့် အခြေခံလိုအပ်ချက်များကို ကော်မတီဖွဲ့စည်းကာ ညှိနှိုင်းဆောင် ရွက်ပေးမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းကျောင်း အတွင်း အခြေခံလိုအပ် ချက်များဖြစ်သည့် ရဲဝတ်စုံ လုံလောက်မှု ရှိမရှိ၊ လျှပ်စစ်မီး၊ သောက်သုံးရေ ဖူလုံ စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အဆောက် အအုံလိုအပ်ချက်များကို ထောက်ပြ ဆွေးနွေးခဲ့ပြီး အဆိုပါသင်တန်းကျောင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် ရဲလေ့ကျင့်ရေးကျောင်းများအနက် စံပြ သင်တန်းကျောင်းအဖြစ် အမြန်ဆုံး အကောင် အထည် ဖော်နိုင်ရန် လိုအပ်သည့် အခြေခံလိုအပ်ချက်များကို ဦးစွာ ဖြည့် ဆည်း ဆောင်ရွက်ပေးရန် ကော်မတီဖွဲ့စည်းပေး မည် ဖြစ်သည့်အပြင် နိုင်ငံတကာ ရဲသင်တန်း ကျောင်း များနှင့် ကိုက်ညီသည့် စံပြသင်တန်းကျောင်းတစ်ခုအဖြစ် ကြိုးပမ်း ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဆိုင်ရာစာတွေ့သင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုခဲ့ပြီး သင်တန်းသူတစ်ဦးချင်းအလိုက် လိုအပ်ချက် များနှင့် သင်တန်းတက်ရောက်စဉ် ကြုံတွေ့ ရသည့် အခက် အခဲများ၊ စိန်ခေါ်မှုများကို မေးမြန်း ဆွေးနွေးခဲ့ သည်။ ထို့ပြင် သင်တန်းမှ မျှော်လင့်ထားသည့် အရည် အသွေးများနှင့် ရဲတပ်ဖွဲ့ဝင် ရဲမေတစ်ဦးအနေဖြင့် လိုအပ် သည့် စိတ်ဓာတ်အရည်အသွေးဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

“ရဲသင်တန်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့် ချက်တွေကို မဖြည့်ဆည်း ပေးနိုင်ရင် အဖိုးတန်တဲ့ရဲတွေ မွေးထုတ်ပေးတဲ့နေရာမှာ ပြဿနာ ရှိနိုင်ပါတယ်။ ရဲသင် တန်းကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေး ချင်ပါ တယ်။ နေ့ချင်းညချင်း ဖြစ်နိုင်ဖို့ ဆိုတာတော့ မလွယ်ပါ ဘူး။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ လုပ်ပေး ရမှာပါ။ သင်တန်းသားတွေအနေနဲ့လည်း ဆရာတွေနဲ့ ဆွေးနွေးတင်ပြပြီး အတ္တ မပါဘဲ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ကြီး တစ်ခုလုံး အဆင့်မြင့်မားလာဖို့ အကြံပြုသင့် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်သည် ပြည်ထဲရေးဝန်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းတို့ လိုက်ပါလျက် ရဲလေ့ကျင့်ရေးကျောင်းကို သွားရောက်စစ်ဆေး ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: