Leave a comment

ကွမ်းယာ ဆိုင်များ ခွင့်ပြုချက် မရှိဘဲ ရောင်းချပါက ထိရောက်စွာ အရေးယူ တော့မည်

image

ကွမ်းယာ ဆိုင်များ ခွင့်ပြုချက် မရှိဘဲ ရောင်းချပါက ထိရောက်စွာ အရေးယူ တော့မည်

နွယ်ဇင် ၊ ရန်ကုန်၊

ကွမ်းယာဆိုင်များနှင့်ပတ်သက် ၍ သက်ဆိုင်ရာမှ ခွင့်ပြု ချက် မရဘဲ ရောင်းချပါက အရေးယူမှုများကို တစ် နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိရောက် စွာဆောင် ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

”ကွမ်းယာဆိုင်တွေကို သက်ဆိုင် ရာမြို့နယ်စည်ပင် သာယာရေးကော် မတီက ထောက်ခံချက်မရှိဘဲရောင်းချ ရင် အရေးယူဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်သွား မှာပါ။ အခုတော့ ရုံးတွေ ကျောင်း တွေအနီးပတ်ဝန်းကျင်မှာ ကွမ်းယာ ဆိုင်တွေရောင်း ချခွင့်မပြုဖို့ စာတွေ၊ ဗီနိုင်းတွေကို မြို့နယ်အသီးသီးမှာ ဖြန့် ဝေထားပြီးပြီ”ဟု ရန်ကုန်မြို့တော်စည် ပင်သာယာ ရေးကော်မတီ ကျန်းမာ ရေးဌာနမှ ဒေါက်တာ မြင့်သန်း ထွန်း က ပြောသည်။

၂ဝ၁၆ ခုနှစ် မေဒုတိယပတ်ခန့် က ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများ ကျဆင်းပ ပျောက် ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ သတင်း ထုတ်ပြန်ခဲ့ ပြီး ကွမ်းစားသုံးသူများ၏ စည်းကမ်း မဲ့ကွမ်းတံတွေးထွေးမှုကြောင့် မြို့ကြီး များ၏ပတ်ဝန်းကျင် သန့်ရှင်းရေးကို ထိခိုက်စေသည့်အပြင် ကွမ်းစားသုံး ခြင်းကြောင့် ပါးစပ်ကင်ဆာ၊ ပါးစောင် ကင်ဆာ၊ သွားဖုံး ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် လျှာကင်ဆာ တို့ဖြစ်ပွား စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

”ကွမ်းယာဆိုင်တွေကို ပိတ်သိမ်း မယ်ဆိုတာက ဆိုင် တွေရဲ့စီးပွားရေး ကိုလဲ ထိခိုက်စေနိုင်သလို သူတို့ကို မှီခိုစားသောက်နေရတဲ့ မိသားစုတွေ အတွက်လဲ ထိခိုက်မှုတွေရှိနိုင်တယ်။ စားတဲ့သူတွေကတော့ ဆိုင်မရှိရင် မစား လို့ရပေမယ့် တကယ်တမ်းလူငယ်တွေ ကိုပျက်စီးစေတာ မူးယစ်ဆေးဝါးနှင့် အရက်ဘီယာ တွေပါ။ အရက်ဘီယာ ဆိုင်တွေကျတော့ တရားဝင် လိုင်စင် တွေအများကြီးချထားပေးတယ်။ အဲဒီ အတွက်ရော ဘယ်လိုအရေးယူဆောင် ရွက်မှု တွေလုပ် ပေးမလဲဆိုတာ သိချင် ပါတယ်”ဟု သင်္ယန်းကျွန်း မြို့နယ်တွင် နေထိုင်သော ကွမ်းစားသုံး သူတစ်ဦး ဖြစ်သူ ကိုဗညားက ပြောသည်။

ထို့အပြင် ကွမ်းယာဆိုင်များပိတ် သိမ်းရမည်ဆိုပါကလဲ ကွမ်းရောင်း သူများအတွက် အစားထိုးအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည် ဖန်တီးပေး သွား မည်ဖြစ်ကြောင်း သိ ရသည်။

”အရင်အစိုးရလက်ထက်က တည်းက စာသင်ကျောင်း ရဲ့ပရဝဏ် ကိုက် ၅ဝဝ အတွင်း ဆေးလိပ်ကွမ်း ယာများ မရောင်းရဆိုပြီး သတ်မှတ် ထားတယ်။ အခု ပြည်သူ့ အစိုးရလက် ထက်အထိ ပြောင်းလဲချိန်တန်ပြီဆို ပြီး မပြောင်းလဲသေးဘူး။ ကျောင်းတွေ ရဲ့ ပတ်ဝန်းကျင် တစ်ဝိုက် ကွမ်းယာ၊ ဆေးလိပ်ရောင်း နေတဲ့ဆိုင်တွေရှိနေ တော့ ကလေးတွေက အရွယ်မတိုင် ခင်က ဆေးလိပ် သောက် ကွမ်းစား တာတွေ တတ်ကြတယ်။ ပျက်စီးဖို့ မြန်တယ်။ ဒါကြောင့် လုံးဝမရောင်း ရရအောင် လုပ် ဆောင်သင့်ပါတယ်” ဟု ဗဟန်းမြို့နယ်အတွင်းမှ ကျောင်း သားမိဘတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်းတွင်လည်း ကွမ်း ယာအရောင်းဆိုင်များနှင့် ကွမ်းစား သုံးသူများပိုမိုမြင့်တက်လျက်ရှိပြီး ကွမ်း စားသုံး ခြင်းကြောင့် ဖြစ်ပေါ်စေသည့် နောက်ဆက်တွဲ ရောဂါများ နှင့်ပတ် သက်၍ ကျန်းမာရေး အသိပညာပေး ခြင်း၊ ရောဂါအန္တရာယ် အသိပေးနှိုး ဆော်ခြင်းနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကွမ်းယာဆိုင်များဖွင့် လှစ်ခွင့်ကို သက်ဆိုင်ရာမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှစ၍ လုံးဝခွင့် ပြုပေးတော့ မည် မဟုတ်ကြောင်း သိ ရသည်။

(Yangon Times Journal, 12-21)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: