Leave a comment

မိုဟာမက်အလီရဲ့ စကားကြီး ၆ ခွန်း

image

ဂန္တ၀င်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ မိုဟာမက် အလီမှာ လည်း ပြောင်မြောက်တဲ့ပြောဆိုချက် တွေရှိခဲ့ပါတယ်။ ဂန္တ၀င်ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးဖြစ်တဲ့ မိုဟာမက်အလီဟာ  အသက်၇၄နှစ်အရွယ်မှာကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့လက်ဝှေ့ပညာအရည်အချင်းရှိသလို သူ့ရဲ့ အသိညာဏ် ကြွယ်ဝမှုတွေကလည်း လူသိများထင်ရှား ပါတယ်။

အောက်ဖော်ပြပါ အလီရဲ့ကိုယ်ပိုင်စကားလုံးတစ်ချို့က သူ့ကိုအမှတ်ရစေမဲ့စကားလုံးများဖြစ်ပါတယ်။

၁။   “အသက်၅၀နှစ်အရွယ်မှ ကမ္ဘာကိုမြင်ရမဲ့အမြင်မျိုးကို အသက်၂၀နှစ်အရွယ်မှာ အဲဒီလူကမြင်ခဲ့ပြီဆိုတော့ သူ့ရဲ့အနှစ်၃၀ကို ဖြုန်းတီးမိခဲ့တာပဲ” လို့ ၁၉၇၅ခုနှစ် ပလေးပွိုင်းထုတ်မဂ္ဂဇင်းမှာပြောဆိုခဲ့ပါတယ်။

၂။   “ လိပ်ပြာတစ်ကောင်လိုပျံသန်းလိုက်ပါ ပျား တစ်ကောင်လို အဆိပ်ပြင်းပါစေ ရှေ့ဆက်သွား လူငယ်လေး ရှေ့ဆက်သွား” Sonny Liston နဲ့မထိုးသတ်ခင် ၁၉၆၄ခုနှစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

၃။ ကျွန်တော့်ရည်မှန်းချက်တွေအောင်မြင်ခဲ့တယ်ဆိုရင် ကျွန်တော်ရုပ်ပိုင်းဆိုင်ရာခံစားခဲ့ရတာ ထိုက်တန် ခဲ့ပါ တယ်။ စွန့်စားရဲတဲ့သတ္တိမရှိသူဟာ သူ့ဘ၀မှာဘာမှ အောင်မြင်မှုရမှာမဟုတ်ပါဘူး။” ၁၉၈၄ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ဟူစတန်မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၎။   “နေ့ရက်တွေကိုရေတွက်မနေနဲ့ နေ့ရက်တိုင်း အကျိုးရှိအောင်လုပ်ပါ” ပြောဆိုခဲ့တာကို ESPN ကဖော်ပြခဲ့ပါတယ်။

၅။   “ကျွန်တော်ဘယ်ကိုသွားနေတယ်ဆိုတာသိတယ် အမှန်တရားကိုသိတယ် သင်တို့ဖြစ်စေချင်တဲ့အရာ ကျွန်တော့်မှာရှိဖို့မလိုပါဘူး ကျွန်တော်ကကိုယ် လိုချင်တဲ့ အရာကို ကိုယ့်ဘာသာဖန်တီးယူဖို့ လွတ်လပ်တဲ့သူတစ် ယောက်ပါ။”

၆။   “ကျွန်တော်နာကျင်မှုခံစားရတဲ့အခါ အဲဒီအခါမှာ ကျွန်တော်စရေတွက်ပြီ အကြောင်းက အဲဒီအချိန်က တကယ် ကိုအရေးပါလာပြီ”

Source      : Time
ဘာသာပြန် : ညောင်နီရွက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: