Leave a comment

ဟီလာရီ ကလင်တန် ဒီမိုကရက်တစ် ပါတီ၏ ပထမဆုံး အမျိုးသမီး လက်ရွေးစင် သမ္မတ လောင်းဖြစ်

image

နယူးယောက်၊ ဇွန် ၁၄

ဟီလာရီကလင်တန်သည်  ဒီမိုကရက်တစ်ပါတီ၏ သမ္မတ လောင်း ဖြစ်လာရန်အတွက် လိုအပ်သော ကိုယ်စားလှယ် အရေအတွက်ကို တနင်္လာနေ့က ပြည့်မီသွားပြီဟု Associated Press သတင်းဌာန၏  ရေတွက်မှုများ အရ သိရှိရကြောင်း Xinhua သတင်းတွင် ဖော်ပြ ထား သည်။

အဆိုပါ ရေတွက်မှုတွင် ကတိပေး မထားသော ကိုယ်စား လှယ်များ (သို့) ဆူပါကိုယ်စားလှယ်များ၏ တစ်ခဲနက် ထောက်ခံမှု ပါဝင်သည်။

ဆူပါကိုယ်စားလှယ်များသည် ဇူလိုင်လ ပါတီညီလာခံ မတိုင်မီ ၎င်းတို့၏ ထောက်ခံမှုကို လွတ်လွတ်လပ်လပ် အပြောင်းအလဲ လုပ်နိုင်သော ပါတီခေါင်းဆောင်များ ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း သည် ၁၉၇၉ ခုနှစ်တွင် သူမ၏ခင်ပွန်း ဘီလ်ကလင်တန် အလာစကာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာချိန်တွင် နိုင်ငံရေးသမားတစ်ဦး၏ ပါရမီဖြည့်ဖက် အဖြစ် စတင် လူသိများလာခဲ့သည်။

ဘီလ်ကလင်တန်သည် ၁၉၉၂ တွင် သမ္မတလောင်းအဖြစ် မဲဆွယ်သောအခါ ၎င်းသည် သမ္မတတစ်ယောက်စာ အတွက် နှစ်ယောက်ကို ကမ်းလှမ်းခြင်းဖြစ်သည်ဟု အရွှန်း ဖောက် ပြောဆိုခဲ့သူဖြစ်သည်။

၁၉၉၃ တွင် သမ္မတကတော် ဖြစ်လာသောအခါ ဟီလာရီ ကလင်တန်သည်  အမေရိကန် အားလုံးအတွက် အလုံးစုံ ကျန်းမာရေး စောင့်ရှောက်မှုပေးရေးကို တက်တက်ကြွကြွ လှုံ့ဆော်ခြင်းဖြင့် သူမ၏ကျော်ကြားမှုကို မြှင့်တင်ခဲ့ သော် လည်း ထိုအစီအစဉ်မှာ အောင်မြင်မှု မရခဲ့ပေ။

၁၉၉ဝ ခုနှစ်များအတွင်း ဒုတိယသက်တမ်း ပြီးဆုံး ခါနီး အချိန်တွင် ဘီလ်ကလင်တန်သည် မအောင်မြင်သော အိမ်ရာ စီမံကိန်း ပြဿနာ၊ အိမ်ဖြူတော်ဝန်ထမ်းနှင့် ပုဂ္ဂိုလ် ရေးပြဿနာတို့ အပါအဝင် အရှုပ်အထွေး အမျိုးမျိုး တွင် နက်ရှိုင်းစွာ ပတ်သက်မှု ရှိလာခဲ့သည်။

၂ဝဝဝ ခုနှစ်တွင် ဟီလာရီကလင်တန်သည် နယူးယောက် ပြည်နယ် ဆီးနိတ် အမတ်အဖြစ် အရွေးခံခဲ့ရပြီး ၂ဝဝ၆ တွင် လွယ်လင့်တကူ ထပ်မံ အနိုင်ရခဲ့သည်။

၂ဝဝ၈ တွင် ဒီမိုကရက်တစ် သမ္မတလောင်းပြိုင်ပွဲသို့ ဝင်လာ ခဲ့သော ဟီလာရီ ကလင်တန်သည် အစပိုင်းတွင် တာထွက်ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အီလီ နွိုက်စ် မှ ဆီနိတ်တာ ဘားရက်အိုဘားမားကို ရှုံးနိမ့်သွား ခဲ့သည်။

ထို့နောက် သမ္မတအိုဘားမား၏ ပထမ သက်တမ်းအတွင်း ၂ဝဝ၉ ဇန်နဝါရီလတွင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။

ထို့နောက်တွင် ၂ဝ၁၆ သမ္မတရာထူးအတွက် သမ္မတ လောင်း ရွေးချယ်ပွဲသို့ ၂ဝ၁၅ ဧပြီလတွင် အရှိန်အဟုန် ပြင်းပြင်းဖြင့် ဝင်ရောက်လာခဲ့ပြီး ယခင် နိုင်ငံခြားရေးဌာန ကို ဦးဆောင်စဉ်က အီးမေးလ်ပေါက်ကြားခဲ့မှု ပြဿနာ များ အစထွက်လာသည့်ကြားမှပင် ယခုကဲ့သို့ ဒီမိုကရက် တစ် သမ္မတလောင်းအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ် သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: