Leave a comment

ဒေါ်နယ်ထရမ့်၏ မွတ်ဆလင်များ ပြည်ဝင်ခွင့် ပိတ်ပင်ရေး မှတ်ချက်ကို အိုဘားမား ဝေဖန် ထိုးနှက်

image

ဝါရှင်တန်၊ ဇွန် ၁၅

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဖြစ်သူ ဒေါ်နယ်ထရမ့် က အမေရိကန်ပြည်ထောင်စု အတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်ရန် အဆိုပြုမှုသည် အမေရိကန် ပြည်သူများ အလိုရှိသည့် အမေရိကန်ပြည်ထောင်စုမျိုး မဟုတ်ဟု သမ္မတ ဘားရက်အိုဘားမားက ဝေဖန်ထိုးနှက် လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော် ပြသည်။

အမေရိကန် မွတ်ဆလင်များကို မတူကွဲပြားစွာ ဆက်ဆံ ခြင်း ကြောင့် နိုင်ငံလုံခြုံမှုမှာ ပိုမိုလျော့နည်းသွားမည် ဖြစ်သလို အနောက်ကမ္ဘာနှင့် မွတ်ဆလင်ကမ္ဘာအကြား ကွာဟမှုလည်း ပိုမိုကြီးမားလာမည်သာ ဖြစ်သည်ဟု အိုဘားမားက ပြောကြားသည်။

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူနိုက်ကလပ် တွင် အစ္စလာမ္မစ် အစွန်းရောက် အယူဝါဒရှိသူဟု ယူဆ ရသော သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့မှု ကြောင့် လူ ၅၀ ခန့် သေဆုံးသွားပြီးနောက် ဒေါ်နယ် ထရမ့် က ၎င်း၏ မဲဆွယ်မူဝါဒတစ်ခု ဖြစ်သော အမေရိကန် ပြည်ထောင်စု အတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်မှု ကန့်သတ်ပိတ်ပင်ရန် ထပ်မံပြောဆိုခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုကြောင့် ယင်းသို့ မွတ်ဆလင်များ ဝင်ရောက်မှု ကို ပိတ်ပင်ရမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အာဖဂန်နစ္စတန်နွယ်ဖွား အမေရိကန် နိုင်ငံသား အိုမာ မက်တင်း ဆိုသူက ယင်းနိုက်ကလပ်တွင် တနင်္ဂနွေနေ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၅၀ ခန့် သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိသွားသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတ အနေနှင့် တိုင်း ပြည် ၏ အကျိုးစီးပွား သို့မဟုတ် လုံခြုံရေးကို ထိပါး စေနိုင်သည့် ပုဂ္ဂိုလ်ဟု ယူဆပါက နိုင်ငံတွင်းသို့ ဝင်ရောက် ခွင့်ကို ပိတ်ပင်နိုင်သည့် အာဏာရှိထားသည် ဖြစ်ရာ ယင်းအစီအစဉ်ကို တစ်ဖက်သတ် လုပ်ဆောင် နိုင်သည်ဟု ဆိုထားသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အိုဘားမားသည် အစွန်း ရောက် အစ္စလာမ္မစ်အကြမ်းဖက်သမား ဟူသော အသုံး အနှုန်းကိုပင် မသုံးနှုန်းခဲ့သောကြောင့် နုတ်ထွက်ပေး သင့်ကြောင်း ဒေါ်နယ်ထရမ့်က ဒေါသတကြီး ဝေဖန်ခဲ့ သလို ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန် အနေနှင့်လည်း အဆိုပါ အသုံးအနှုန်းကို အသုံးမပြုဝံ့ဘဲ နေမည်ဆိုပါက သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက် သင့်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

သမ္မတ အိုဘားမားကမူ အမေရိကန်ပြည်ထောင်စု ဟူ သည် ဘာသာရေး လွတ်လပ်ခွင့်အပေါ် အခြေတည် ကာ တည်ထောင်ထားသည့်နိုင်ငံ ဖြစ်သလို ဘာသာရေး ဆိုင်ရာ သွေးထိုးစမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း သတိပေး ပြောကြားသည်။

ထို့ပြင် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သူများသည် အမေရိကန်ပြည်ထောင်စုအတွင်း မွေးဖွားသူများက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အိုဘားမား က မှတ်ချက်ပေး ပြောဆိုသည်။

ထို့နောက် အိုဘားမားက အမေရိကန်ပြည်ထောင်စု အတွင်း သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ရေးကို မဖြစ် မနေ ပြဋ္ဌာန်းသင့်ကြောင်း တိုက်တွန်းပြောဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: