Leave a comment

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းအား မှတ်ပုံတင်​ခွင့် မပြုရန် ရှေ့နေများ တိုင်ကြား

image

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းအား မှတ်ပုံတင်ခြင်း ခွင့်မပြုရန်နှင့် အသင်းတည်ရှိမှု ဖျက်သိမ်း ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရှေ့နေများတိုင်ကြား ထားသည်​။
Tomorrow Journal News
Submitted by Zay Thu

ဇွန်လဆန်းအတွင်းက ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်း ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ယင်းအသင်း၏ မှတ်ပုံတင်ခြင်းအား ခွင့်မပြုရန်နှင့် အသင်းတည်ရှိနေမှုအား ဖျက်သိမ်း ပေးရန် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရှေ့နေများက  ပြည်ထဲရေး ၀န်ကြီး ဌာနသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ယင်းတိုင်ကြားစာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရှေ့နေများက ပြည်ထဲရေး ၀န်ကြီးဌာနသို့ လိပ်မူကာ တိုင်ကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်း ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အကျိုးဆောင် ရှေ့နေ တစ်ဦး ကမူ ”အသင်းအဖွဲ့ ဖွဲ့တယ်ဆိုတာကတော့ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းနိုင်တယ် ဆိုပေမယ့် အခုလို လူမျိုးရေး တစ်ခုနှင့်တစ်ခု ဘာသာ တစ်ခုနှင့် တစ်ခုကြား စိတ်ဝမ်းကွဲစေမယ့် အသင်းအဖွဲ့မျိုးကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်”ဟု ဆိုသည်။

ယင်းတိုင်ကြားစာတွင်လည်း မြန်မာနိုင်ငံသား မွတ်စလင် ရှေ့နေများအသင်း အနေဖြင့် အသင်းဝင် ရှေ့နေများ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအား ဆောင်ရွက်ရန် မဟုတ်ဘဲ မြန်မာနိုင်ငံသို့ မွတ်စလင် ဘာသာဝင်များ အတွက်သာ ရည်ရွယ်၍ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် တည်ထောင်ဖွဲ့စည်းပြီး နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒ၊  အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အပြင် ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့်ပါ ညီညွတ်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ အသင်းဖွဲ့စည်းခြင်းသည် တိုင်းရင်းသားများကြား၊ ဘာသာဝင်များကြား၊ ပြည်သူ များကြားတွင် မုန်းတီးမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် အသင်းအား ဖျက်သိမ်းပေးရန် တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း (၈) ပုဒ်မ-၃၆၄ တွင် နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲ သုံးစား မပြုရ။ ထို့အပြင် လူမျိုးရေးကြောင့် သော်လည်း ကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီး ခြင်း၊ ရန်မူခြင်းနှင့် စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုး ပေါ် ပေါက် လာစေရန် ရည်ရွယ်သော သို့မဟုတ် အကြောင်း ရှိသော အပြုအမူသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည်ဟု ပြဋ္ဌာန်းထားသည့်အလျောက်  ယင်း အသင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ချိုးဖောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းသကဲ့သို့ ဖြစ်နေသည့်အတွက် ဖွဲ့စည်း ခွင့် မပြုရန်နှင့် ဖွဲ့စည်းတည်ရှိသော အခြေအနေအား ပယ်ဖျက်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

”သူတို့လည်း သူတို့ဘာသာဖွဲ့တာပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိတာပဲ ဓားပြတိုက် ဖို့ဖွဲ့တာ မဟုတ်ဘူး။ လူသတ်ဖို့ဖွဲ့တာ မဟုတ်ဘူး။ အဲဒီတော့ရှေ့နေက ကန့်ကွက်တယ် ဆိုတော့ ကျွန်တော် တော့ မပြောတတ်ဘူးလေ။ ဥပဒေကို သူတို့လည်း သိကြတာပဲ”ဟု အသင်းအား တိုင်ကြားမှုနှင့် ပတ်သက်၍ အသင်းနာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ယင်းမြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများ အသင်းကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၄ ရက်က တရားလွှတ်တော် ရှေ့နေ ဦးကိုနီမှ နာယကအဖြစ် တာဝန်ယူပြီး ဥက္ကဋ္ဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးတင်ထွန်းနှင့် အတွင်း ရေးမှူး အဖြစ် ဦးခင်မောင်ချိုတို့က မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင် ဘာသာဝင်များ အနေဖြင့် နိုင်ငံသား အခွင့် အရေး ဆုံးရှုံးနေမှုများနှင့် ခွဲခြားဆက်ဆံခြင်း ခံရမှုများကို ဥပဒေကြောင်းအရ ကူညီ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကိုလူသစ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: