Leave a comment

ဖားကန့်ဒေသ ဗလီဖျက်သူများကို ထိရောက်စွာ အရေးယူမည်ဟု မြန်မာရဲတပ်ဖွဲ့ သတင်းထုတ်

image

image

ဟိန်းအောင်
Myanmar Muslim Media
ဇူလိုင် ၁၊ ၂၀၁၆

ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင် ကျေးရွာ ရှိ သက်တမ်း ၂၅ နှစ်ကျော်ရှိ ဗလီ (အစ္စလာမ့် ၀တ်ပြု ဆော်င်) အား မ.ဘ.သ လိုလားသူများက ယနေ့ညနေ ၄း၁၅ နာရီဝန်းကျင်တွင်မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါ အကြမ်းဖက်မှုကိုကျုးလွန်သူများအား ထိရောက်စွာ အရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

အထက်ပါဗလီဝတ်ကျောင်းတော်အားမီးရှို့ရာတွင် ဒေသခံလူအင်အား ၅၀၀ ၀န်းကျင်က တုတ်၊ ဓား လက်နက် များ ကိုင်ဆောင်လာကာ ညနေ ၃း ၄၀ အချိန်တွင် အထက်ပါဗလီဝတ်ကျောင်းအား မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အပါအ၀င်လုံခြုံရေးများရှေ့တွင် ညနေ ၃း၄၀ နာရီမှစတင်ကာဖျက်ဆီးခြင်းနှင့် ညနေ ၄း၁၅ နာရီအချိန်တွင် စတင်မီးရှို့ခြင်းများကို အဆင့်ဆင့် ပြုလုပ် ခဲ့ကြောင်း ရဲဇာနည် ဖဘ စာမျက်နှာ တွင်ရေးသား ဖေါ်ပြထားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသ စိုင်းတောင်တွင်လည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က အစ္စလာမ့်ဗလီ ၀တ်ကျောင်းတော်တစ်လုံးကို ဖြိုဖျက်ခဲ့ဖူးပြီး အဆိုပါ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း NLD  ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: