Leave a comment

ဝါရှင်တန်ခရစ်ယာန်ဘုရားကျောင်းက သောကြာနေ့ ၀တ်ပြုဖို့ မွတ်စလင်များကိုကြိုဆို

image

ဝါရှင်တန်ခရစ်ယာန်ဘုရားကျောင်းက သောကြာနေ့ ၀တ်ပြုဖို့ မွတ်စလင်များကိုကြိုဆို

မွတ်စလင်တွေရဲ့ဥပုသ်လဟာ ရှေ့တစ်ပတ်လာမဲ့အင်္ဂါနေ့ မှာပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဘာသာရေးပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ ၀ါရှင်တန်ဒီစီမှာရှိ တဲ့ အိမ်တစ်အိမ်က စည်းလုံးညီညွတ်တဲ့အဓိပ္ပါယ်အနေနဲ့ ထွက်ပေါ်လာပါတယ်။

သောကြာနေ့တိုင်း သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းထဲကနေ ၀တ်ပြုဖို့နှိုးဆော်တဲ့အသံကြားရပြီး ရာပေါင်းများစွာသောမွတ်စလင်တွေဟာ ခရစ်ယာန်ကျောင်းထဲမှာ ၀တ်ပြုကြပြီး ဘာသာရေးနှစ်ခုကို တစ်နေရာထဲမှာ စုပေါင်းမျှဝေအသုံးပြုကြပါတယ်။

ဝတ်ပြုဖို့နေရာလိုအပ်နေတဲ့မွတ်စလင်တွေအတွက် လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းကို ဖွင့်လှစ်ပြီးကတည်းက Farooq Syed က သောကြာနေ့ဝတ်ပြုဖို့ကို ဦးဆောင်စီစဉ်နေခဲ့တာဖြစ်ပါတယ်။

လူအချင်းချင်းတစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေအပြန်အလှန်တည်ဆောက်ထားခြင်းဖြစ်တယ်လို့ Syed က CBS သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ပြီးတော့တစ်ယောက်နဲ့တစ်ယောက် ဘာသာရေးယုံကြည်ချက် နားလည်မှုတွေတိုးတက်ဖြစ်ထွန်းလာစေတယ်”လို့ သူကဆိုပါတယ်။

ဝတ်ပြုခြင်းကို လူပေါင်း၅၀နဲ့အစပြုခဲ့ပြီး အခုအခါမှာတော့ ဘုရားကျောင်းရဲ့ကောင်းချီးပေးမှုနဲ့အတူ အပတ်စဉ်ဝတ်ပြုသူ ၃၀၀ကျော်ရှိပြီဖြစ်ပါတယ်။

“လက်ချင်းတွဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတရားထားရှိရမှာဖြစ်တယ်”လို့ Rev Elizabeth Gardner ကပြောကြားခဲ့ပါတယ်။

အသက်၅၀ရှိပြီဖြစ်တဲ့ Sayeed bond ကအိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ပြီး အသက်၂၀အရွယ်မှာအစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်ခဲ့ပြီး ဒီဘုရားကျောင်းထဲဝတ်ပြုခြင်းကို လွန်ခဲ့တဲ့သုံးနှစ်ကရှာတွေ့ခဲ့တာဖြစ်ပါတယ်။

“သူတို့တွေဟာကျွန်တော့်ရဲ့ခန္ဓာကိုယ်အဟာရကိုပြည့်ဝစေယုံတင်မကဘူး ကျွန်တော့်ရဲ့နှလုံးသားအဟာရကို ပါပြည့်ဝစေပါတယ်” လို့သူကဆိုပါတယ်။ Bond အတွက်တော့ ဒီနေရာဟာဝတ်ပြုတဲ့နေရာဆိုတာထက် ပိုပါတယ်။ “ကြည့်ပါဦး” သူဟာ ဖန်သလင်းနံရံကခရစ်တော်ရဲ့ပုံကိုလက်ညှိုးညွှန်ပြပြီးပြောပါတယ်။ “ကျွန်တော်ခရစ်ယာန်တစ်ယောက်မဟုတ်ဘူး ဒါပေမယ့်အဲဒါဟာ အရမ်းလှပတယ်”

ဝတ်ပြုနေစဉ်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်းခေါင်းလောင်းသံလေးတွေကို ကြားနေရတယ်။ “အရမ်းကိုအံ့သြစရာကောင်းတယ် သိလား အရာနှစ်မျိုးကိုအတူတကွမြင်တွေ့ရတာ အရမ်းအံ့သြစရာကောင်းတယ်။ ခရစ်ယာန်ဘုရားကျောင်းခေါင်းလောင်းသံစဉ်လေးတွေနဲ့ မွတ်စလင်တစ်ယောက် တရားဟောပြောမယ် ကျွန်တော်တို့ကို မတူကွဲပြားတယ်လို့ လူတွေကပြောကြတယ် ဒါပေမယ့်ကျွန်တော်တို့အားလုံးကအတူတူပါပဲ”

Source      : CBS News
ဘာသာပြန် : ညောင်နီရွက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: