Leave a comment

ဘာသာရေး အထွတ်အမြတ် မဒီနာမြို့မှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား

image

ဆော်ဒီအာရေးဘီးယား နိုင်ငံ၊ မဒီနာမြို့ရှိ အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို ဂျူလိုင်လ ၄ရက်နေ့ က တွေ့ရ စဉ်။ ဓါတ်ပုံ – (Courtesy of Noor Punasia)

05.07.2016
ဗွီအိုအေ (မြန်မာပိုင်း)

ဆော်ဒီ အာရေးဘီးယား နိုင်ငံ၊ Medina မြို့က အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွတ်မြတ်ဆုံး နေရာတခု ဖြစ်တဲ့ Prophet’s Mosque ဗလီ အပြင်က စစ်ဆေးရေး ဂိတ်မှာ အသေခံဗုံးခွဲသူ တယောက်က ဗုံး ဖေါက်ခွဲ တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ခိုက်သူ အထဲမဝင်နိုင်အောင် တားဆီးခဲ့ကြတဲ့ လုံခြုံ ရေး အရာရှိ ၄ ယောက် သေဆုံးခဲ့တဲ့ အပြင် ၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Saudi ပြည်ထဲရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အေဒီ ၆၃၂ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ တမန်တော် မိုဟာမက် ကို မြှုပ်နှံထားတဲ့ Prophet’s ဗလီဟာ အစ္စလာမ် ဘာသာဝင်တို့အတွက် ဒုတိယမြောက် အထွတ် မြတ်ဆုံး ဘာသာရေး အဆောက်အဦးဖြစ်ပါတယ်။

နှစ်စဉ် Mecca ဘုရားဖူး  သွားရောက် ဝတ်ပြုကြတဲ့ ဗလီလဲဖြစ်ပါတယ်။ ဆော်ဒီ အာရေးဘီးယားနိုင်ငံ တခြား နေရာ ၂ ခုမှာလဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံ အရှေ့ပိုင်း Qatif မြို့က ရှိရာဗလီတခုမှာ အသေခံ ဖေါက်ခွဲမှုဖြစ်ပြီး တခြား သေဆုံးသူရှိတယ် လို့တော့ မသိရပါဘူး။

အစောပိုင်း ကတော့ နိုင်ငံ အနောက်ပိုင်း Jeddah မြို့က အမေရိကန် ကောင်စစ်ဝန် ရုံးနားမှာ အသေခံ သူက ဗုံးခွဲတိုက်ခိုက်ခဲ့တယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာန က ပြောပါတယ်။ အမေရိကန် အမှုထမ်းတွေထဲမှာ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သံရုံး ထုတ်ပြန်ခဲ့ပါတယ်။

image

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: