Leave a comment

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ရဲရွာရေအား လျှပ်စစ် ဓာတ် အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေး

image

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး ၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအား လျှပ်စစ် ဓာတ် အားပေးစက်ရုံသို့  သွားရောက်ကြည့်ရှု စစ်ဆေး သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ဒေါက်တာအောင်သူ ၊ ဦးဖေဇင် ထွန်း ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေ ကြောင်း ခရီးဖြင့် ထွက်ခွာကြရာ မန္တလေးမြို့  တံတားဦး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက် ရှိကြသည်။
ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့နှင့် အတူ ရဟတ်ယာဉ်များဖြင့် ရဲရွာရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံသို့ ရောက်ရှိကြပြီး စီမံကိန်းရှင်းလင်း ဆောင် ရှုရပ်နေရာတွင် ရေအားလျှပ်စစ်ဓာတ် အား ပေးစက်ရုံနှင့် တမံအား ကြည့်ရှုလေ့လာရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးစန်း က  ရဲရွာရေအားလျှပ်စစ် စီမံကိန်းအကောင်အထည် ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေ များ ၊ မြစ်ငယ်မြစ်ပေါ်ရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန် လျာထားသည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း ၍ လည်းကောင်း ၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက စီမံကိန်းကုန်ကျစရိတ် ၊ ဘဏ္ဍာရေး နှစ်အလိုက် အမြတ် ရရှိမှုနှင့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးဝေနိုင်မှု ၊ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားထုတ်လုပ် နိုင်သည့် စက်ရုံများ အခြေအနေ၊ ပတ်ဝန်းကျင်ကျေးရွာ များသို့ ဓာတ်အားပေးဝေနိုင်မှု အခြေ အနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးသောင်းဟန်က မန္တလေးတိုင်း ဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားခွဲရုံများ ၊  ထရန်စဖော်မာ တပ်ဆင်အင်အားနှင့် ဓာတ်အားလိုင်းများ အခြေ အနေ ၊ တိုင်းဒေသကြီး အတွင်း နှစ်အလိုက်ဓာတ်အားသုံးစွဲမှုနှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ ၊ ဓာတ်အားဖြန့်ဖြူးရေး တာဝန်ယူ ထားသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် မည့် လုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က အကောင်အထည် ဖော် ဆောင် ရွက်လျက်ရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများဖြစ်သော ၀မ်းတွင်း ၊ နဘူးအိုင် ၊ မင်းဘူးမြို့နယ်များရှိ နေရောင် ခြည် စွမ်းအင်သုံးစီမံကိန်းများနှင့် ချောင်းသာရှိ လေ စွမ်းအင် သုံးစီမံကိန်းဆိုင်ရာ များကိုလည်းကောင်း  ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရေအားလျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်မပျက်ယွင်းစေရေး ၊  ပြည်သူ လူထု၏ လူမှုစီးပွားဘ၀များ ထိခိုက်မှုမရှိစေရေး ၊ ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ အပေါ် တာဝန်ယူမှုရှိစေရေး စသည့်ကိစ္စရပ်များကို အလေးအနက်ထား မှာကြားပြီး  တာဝန်ရှိသူများနှင့်  ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် သက်ဆိုင်သည့်  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ၊ လုပ်ဆောင်ရန်ကျန်ရှိနေသည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြရာ   ဓာတ်အားပေး စက်ရုံ မှတ်တမ်းပြခန်း၌ ရေအားလျှပ်စစ် အကောင် အထည် ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းငွေက စက်ရုံတည် ဆောက်ခဲ့မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဓာတ်အားထိန်းချုပ်ခန်းအား ကြည့်ရှုစစ် ဆေးရာ  လက်ထောက် အင်ဂျင်နီယာ ဒေါ်အေးမင်းဖြူက စက်ရုံမှ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဓာတ်အားပေးစက်ရုံ ရှုရပ်သို့ ရောက်ရှိပြီး ၂၀၀၆ ခုနှစ်က ဓာတ်အားပေးစက်ရုံ တည်ဆောက်စဉ် တူးဖော်တွေ့ရှိခဲ့သော နှစ်သန်း (၅၅၀) ခန့်ရှိ အသွင် ပြောင်းသဲကျောက်တုံးတွင် နိုင်ငံတော်သမ္မတက မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံဝင်းအတွင်းရှိ ၀န်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ၀န်ထမ်း မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။ 

ထို့နောက် မန္တလေးမြို့သို့ ရောက်ရှိကြပြီး မန္တလေးတောင် ပေါ်ရှိ ဆုတောင်းပြည့် စေတီတော်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုကြကာ အလှူငွေများပေးအပ် လှူဒါန်း သည်။
ထိုမှတစ်ဆင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ရောက် ရှိပြီး ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ကြေးရုပ်ပြတိုက်နှင့် သမိုင်းပန်းချီပြတိုက်များကို ကြည့်ရှု လေ့လာ၍ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ 
ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေး မြို့ အရှေ့တောင်ဘက် (၃၁)မိုင်အကွာ (ရဲ-ယမန်းရွာ) အနီး မြစ်ငယ်မြစ်ပေါ်တွင် တည်ရှိသည်။ ရေလှောင်တမံ သည်  ကွန်ကရစ်တမံ အမျိုးအစား ဖြစ်ကာ တမံအလျား ၂၂၆၄ ပေ ၊ အမြင့် ၄၃၃ ပေ ၊ ရေပိုလွှဲအကျယ် (၄၄၈) ပေ ရှိသည့် ရေလှောင်တမံဖြစ်ပြီး ကန်ရေပြည့်ရေလှောင် ပမာဏ ၂၁ ဒသမ ၁၄ သိန်းဧကပေ ဖြစ်သည်။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင် သည့် ဖရန်စစ်တာဘိုင်အမျိုးအစား စက် (၄) လုံး တပ်ဆင်ထားပြီး  လျှပ်စစ်ဓာတ်အား စုစု ပေါင်း ၇၉၀ မဂ္ဂါဝပ် ထွက်ရှိကာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ် နာရီသန်းပေါင်း (၃၅၅၀)  ထုတ်လုပ်နိုင်သည်။ အဆိုပါ စီမံကိန်းကို ၂၀၀၁ခုနှစ်တွင် စီမံကိန်းအကောင်အထည် ဖော်နိုင်ရေးအတွက် ဒီဇိုင်းပုံစံထုတ်ခြင်းနှင့် တင်ဒါ စံချိန် စံညွှန်းများပြုစုခြင်း ဆောင်ရွက် ရန် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co.Ltd နှင့် စာချုပ်ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ ပြီး ၂၀၁၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက် ပြီးစီးခဲ့ သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: