Leave a comment

မ.ဘ.သ အဖွဲ့ ဆက်လက် လှုပ်ရှားလျှင် သံဃာ အဖွဲ့အစည်း ဥပဒေအရ အရေးယူ မည်ဟု မဟန မိန့်ကြား

image

ဟိန်းအောင်
Myanmar Muslim Media
ဇူလိုင် ၁၁၊ ၂၀၁၆

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ရှိသင့်၊မရှိသင့်ကိုယနေ့ကျင်းပမည့်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၄၇ပါးစုံညီအစည်းဝေးဆုံးဖြတ်ချက်ဖြင့်ကြေညာချက် ထုတ် ပြန်မည် ဖြစ်ပြီးမ.ဘ.သအနေဖြင့်ဆက်လက်လူပ်ရှားမည်ဆိုပါကသံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ဖြင့်အရေးယူမည်ဖြစ် ကြောင်းမ.ဟ.နဦးဆောင်ဆရာတော်တစ်ပါးကမိန့် ကြောင်းမြန်မာပို့စ်သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

“မနက်ဖြန်(ဇူလိုင်၁၁)မှာ ၄၇ ပါးစုံညီဆုံးဖြတ်ချက်အရ ကြေညာချက်ထုတ်ပြန်မှာပါ။တရားဝင်အဖွဲ့အစည်းဟုတ်မဟုတ်ကို ကြေညာပေးမှာပါ”ဟု မ.ဟ.န အဖွဲ့မှ ဦးဆောင် ဆရာတော်ကြီးတစ်ပါးက  The Myanmar Post သို့မိန့်ကြားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင်ဖွဲ့စည်း ခဲ့သည့် မ.ဘ.သ အဖွဲ့သည် ၁၉ ၉ ၀ ပြည့်နှစ် အောက် တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည့် သံဃာ့ အဖွဲ့ အစည်း ဆိုင်ရာဥပဒေ အခန်း ၂ ပါ“ ပြည်ထောင်စု မြန်မာ နိုင်ငံတော်အတွင်း အခြေခံစည်းမျဉ်းအရ သတ်မှတ် ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့ အဖွဲ့အစည်းတစ်ခုသာရှိရမည်”ဟူသော ပြဌာန်းချက်နှင့် ညိစွန်းနေခြင်းဖြစ်ကြောင်း ဝေဖန်သူများကထောက် ပြ ထားကြသည်။

“အခုအချိန်က အရေးယူတဲ့ကဏ္ဍပါဦးမှာ မဟုတ်ဘူး၊ နောက်ဆက်ပြီးလှုပ်ရှားရင်တော့ အရေးယူမှာပေါ့ ” ဟုလည်း အထက်ပါဆရာတော်ကြီးကပင် မြန်မာပို့စ်၏ လျှောက်ထားချက်ကိုပြန်လည်မိန့်ကြားခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မ.ဟ.န အဖွဲ့ ရှိပြီးဖြစ်သည့်အတွက် မ.ဘ.သအဖွဲ့မလိုအပ်ကြောင်း စတင် ပြောကြားခဲ့ရာမှ တဆင့် မ.ဘ.သ ထောက်ခံသူ အချို့နှင့် မလိုလားသူများအကြား ငြင်းခုန်မှုများဖြစ် ပေါ် နေခြင်းဖြစ်သည်။

မ.ဘ.သ ရှိရန်မလိုဟူသော ဦးဖြိုးမင်းသိန်း၏ မှတ်ချက် သည် ဒီိမိုကရေစီအရလွတ်လပ်စွာ ထုတ်ဖေါ်ပြောကြား ခြင်းသာဖြစ်ကြောင်းနှင့် စော်ကားပြောဆိုသည့် သဘော မသက်ရောက်ကြောင်း သာ/ယဉ်ဝန်ကြီး သူရ ဦးအောင် ကို ကပြောကြားထားသော်လည်း မ.ဘ.သအဖွဲ့ကမှု အထက်ပါစကားရပ်အတွက် ယခုလ ၁၄ ရက်နေ့နောက် ဆုံးထားကာ ပြန်လည်မတောင်းပန်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက်သွားမည်ဟု ကြေညာ ချက်တစ်ရပ်ထုတ်ပြန်ထားသည်။

ခေတ်သစ်နာဇီဝါဒဟု ကင်ပွန်းတပ်ခံရသည့် ၉၆၉  လှုပ်ရှား မှုကို ဦးဆောင်နေသည့် ဆရာတော်များ ဦး ဆောင် ပါဝင်နေသည့် အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့သည် မွတ်စလင်မ်ဆန့်ကျင်ရေး၊ စစ် အစိုးရ ထောက်ခံရေးလှုပ်ရှားမှုများကြောင့် ကမ္ဘာတွင် အမည်ဆိုးဖြင့်ကျော်ကြားသည့် အဖွဲ့တစ်ခုဖြစ်သည်။

ကိုးကား : မြန်မာပို့စ်ဂျာနယ်(အတွဲ ၈၊ အမှတ် ၂၆)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: