Leave a comment

ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် ဒ်ါအောင်ဆန်းစုကြည် ပြော

image

image

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

နေပြည်တော် ဇူလိုင် ၁၄

ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ အစည်း အဝေးခန်းမ၌ ကျင်းပစဉ်  ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုသို့ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ရှိ၍ လုပ်ဆောင်နေ ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သူများ၏ ယုံကြည်မှု၊ ဒေသခံ ပြည်သူများ၏ ယုံကြည်မှု၊ နိုင်ငံသူ နိုင်ငံသားများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကြုံတွေ့လာရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ် ဗဟ်ုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် ဆယ်ချက် အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးရဲအောင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် များမှ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖြည့် ဆည်းဆောင်ရွက်ပေးရန် တင်ပြချက် စုစုပေါင်း (၁၄၂) ချက်အား ၀န်ကြီးဌာနအလိုက် သက်ဆိုင်ရာ ကဏ္ဍများ အား ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေ အနေများကို လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း သဘာဝဘေး ဒဏ်ခံ ဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ NVC ကတ် ထုတ်ပေး မှု၊ အခက်အခဲများနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက NVC ကတ် ထုတ်ပေးရေးလုပ်ငန်း အပြည့်အ၀အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ယုံကြည်မှုများ ရရှိအောင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရန် လိုအပ်မှု၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံသားစိစစ်မှု ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား စုစုပေါင်း (၁၉၁၉) ခု ထုတ်ပေး ခဲ့မှု၊ ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာနက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြေပုံမြို့နှင့် တောင်ကုတ်မြို့ များတွင် သဘောဝ ဘေးဒဏ် ကြုံတွေ့ပါက ယာယီအသုံးပြုနိုင်ရန် မုန်တိုင်း ဒဏ်ခံ အဆောက်အဦများ ဆောက်လုပ်ပေးထားမှု၊ ပြည်နယ်တွင်း မြို့နယ်အလိုက် မုန်တိုင်းဒဏ်ခံ အဆောက် အဦများ ဆက်လက် ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိမှု၊ ဒေသတွင်းပြန်လည် နေရာ ချထားရေးနှင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များ၊ နိုင်ငံတကာ အကူအညီများ လိုအပ်ချက်နှင့်အညီ ရရှိရေး ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ချိန်တည်း တစ်ပြိုင် တည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ် အစိုးရ ချိတ်ဆက်ဆောင်ရွက်ရာတွင် နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခုအစည်းအဝေးဆုံး ဖြတ်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရရှိမည်ဖြစ် သည့်အတွက် အားလုံးက တက်ညီလက်ညီဖြင့် အရှိန် အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ များ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: