Leave a comment

အသက် ၁၉ နှစ်ပြည့် မွေးနေ့မှာ ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည် စခန်းကို သွားခဲ့တဲ့ မာလာလာ

image

ဇူလိုင်လ ၁၂ ရက်နေ့က ကျရောက်တဲ့ ၁၉ နှစ်ပြည့် မွေးနေ့မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် မာလာလာ (Malala Yousafzai) က ကင်ညာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ Dadaab မှာ ရှိနေခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အဲဒီကင်ညာနိုင်ငံ ဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ကမ္ဘာအနှံ့က ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို အာရုံစိုက်လာကြဖို့ပဲ ဖြစ်ပါတယ်။ Dadaab ဒုက္ခသည် စခန်းမှာ ဒုက္ခသည်ပေါင်း ၃ သိန်းကျော် နေထိုင်ကြပါတယ်။

“ကျမ ဒီမှာ ရှိနေတာကတော့ ပညာရေးအတွက်နေ့စဉ် ရုန်းကန်နေရတဲ့ ဆိုမားလီးယားနိုင်ငံက ညီမတွေ ကိုယ်စား ပြောပေးနေတာပါ” လို့ မာလာလာက AP သတင်းဌာနကို ပြောပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ကျောင်းတက် ဖို့ ဘတ်စ်ကားနဲ့ ထွက်လာချိန်မှာ ပါကစ္စတန်အခြေစိုက် တာလီဘန် အဖွဲ့က ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ် ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ မာလာလာဟာ အမျိုးသမီးနှင့် ကလေးငယ်များ ပညာသင်ကြားခွင့် အတွက် ထောက်ခံအားပေးသူတယောက် ဖြစ်လာ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မွေးနေ့တွေမှာလည်း မာလာလာဟာ မိန်းကလေး တွေရဲ့ပညာရေးအတွက် လစ်လျှူရှုခံထားရတဲ့ ဒေသတွေ ကို သွားရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆီးရီးယား ဒုက္ခ သည် မိန်းကလေးတွေအတွက် စာသင်ကျောင်း တကျောင်း ကို လက်ဘနွန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။

မာလာလာက ၂၀၁၃ခုနှစ်မှာ I Am Malala စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ကာ ၂၀၁၄ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို အိန္ဒိယနိုင်ငံက ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူ ကိုင်လက်ရှ်ဆက်ယာသီ (Kailash Satyarthi) နဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာလည်း သူဟာ ဆီးရီးယား ဒုက္ခသည်တွေ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
မူရင်း – burma.irrawaddy.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: