Leave a comment

တရုတ်နိုင်ငံတွင်​ မိုးကြိုးမုန်တိုင်းတိုက်ခိုက်​ လူ​သေ​ပျောက်

image

image

image

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်မှု့ကြောင့် ၄၂ သေဆုံးကာ ၊ ၇၄ ဦး ပျောက်ဆုံးနေ

စီအာအိုင်
ဇူလိုင် ၂၂ ၊ ဘေကျင်း

တရုတ်ပြည် အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလွှမ်းမှုဖြစ်ပေါ်ကာ လူ ၄၀ ကျော်သေဆုံးခဲ့ရသဖြင့်  နိုင်ငံ၏အရှေ့မြောက်ဘက်သည် ရေဘေး နောက်ဆုံးခံရမည့် ဒေသဖြစ်လာခဲ့သည်။ လက်ရှိအခြေအနေတွင် ထိုဒေသသို့ နောက်ထပ်မုန်တိုင်းများ ထပ်မံဝင်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ ကြာသပတေးနေ့က တရုတ်ပြည် အရှေ့မြောက်ဘက်ရှိ လျောင်နင်ပြည်နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျှမ်းမျှမိုးရေချိန် ၆၉ မီလီိမီတာအထိရောက်ရှိခဲ့သည်။ လျောင်နင်ပြည်နယ်အနောက်ဘက်တွင်ရှိသော ဟူလူတောင် မြို့အပြင်  မြို့ပြဒေသ အများအပြားတွင် ရေကြီးမှုကြောင့် မော်တော်ယာဉ်များပါ ရေမြှုပ်ခဲ့ရသည်။ ကြာသပတေးနေ့က ရွာသွန်းခဲ့သည့် မိုးကြောင့် လျောင်နင်ပြည်နယ်ရှိ လူဦးရေ ၁၂၆၀၀၀ ကိုဘေးလွတ်ရာသို့  ဒေသဆိုင်ရာရေလွမ်းမိုးမှုထိန်းချုပ်ရေးဌာနက  ရွေ့ပြောင်းပေးခဲ့ရသည်။ လက်ရှိတွင် ရေလှောင်တမံသုံးဆယ်ခန့်မှာ   တိုးဝင်လာသည့် ရေကို မထိန်းနိုင်သည့်အခြေအနေသို့ ရောက်ရှိနေသည်။ ပြည်နယ်၏ မိုးလေ၀သဌာနချုပ်မှ အဆိုပါဒေသကို အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြည်နယ်၏ အရှေ့ပိုင်းရှိ ပန်ရှီး၊ တန်းတုံး၊ အားစန်း၊ ဖူစွန်းမြို့များတွင် မုန်တိုင်းကြီးများဝင်ရောက်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။ ဗုဒ္ဓဟူးနေ့က စတင်တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် တရုတ်ပြည် မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ထိခိုက်သေဆုံးမှုများ၊ ယာဉ်ကြောအသွားအလာများ ကမောက်ကမဖြစ်ကာ သိန်းနှင့်ချီ၍ လူများကိုရွေ့ပြောင်းခဲ့ရသည်။ ဟူပေပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၃၀ သေဆုံးခဲ့ရပြီး ၆၈ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အနည်းဆုံး လူ ၁၆၀၀၀၀ ကို ဘေးကင်းရာသို့ရွေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။ ပြည်နယ်၏ အရပ်ဘက်ရေးရာဦးစီးဌာန အစီခံစာများအရ ရေကြီးမြေပြိုမှုကြောင့် အိမ်ခြေ ၄၈၀၀၀ နှင့် လယ်ယာမြေ ၃၅၀၀၀၀ ဟတ်တာမကပျက်စီးခဲ့ရကာ ယာဉ်ကြောများ ကမောက်ကမဖြစ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ဆက်သွယ်ရေး ပျက်တောက်ခဲ့ရခြင်း စသည်တို့ကြောင့် ယွမ် ၄ ဒသမ ၇ ဘီလျံခန့်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

(china.com)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: