Leave a comment

ကင်းစခန်းမှ မူးယစ် ဆေးဝါး ဖမ်းဆီးရ မိ၍ ရဲတပ် ကြပ်ကြီး များ အပါအ၀င် (၇) ဦးအား ဖမ်းဆီး ထိန်းသိမ်း

image

ကင်းစခန်း၏ စားဖိုခန်းမြေအောက်ခန်းထဲတွင် မူးယစ် ဆေးဝါး(၃)သိန်းကျော်ဖမ်းဆီးရ မိသဖြင့် ရဲတပ်ကြပ်ကြီး အပါအ၀င်တပ်ဖွဲ့ဝင်(၇) ဦးအား ဖမ်းဆီး ထိန်းသိမ်းထား
သည်​။
၂၆-၇-၂၀၁၆ ရက်နေ့ ရခိုင်ပြည်နယ် မောင်တော ဒေသ တွင် ဖွင့်လှစ်ထားသော အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့လက်အောက်ရှိအမှတ်(၂)နယ်ခြား စောင့် ရဲတပ်ဖွဲ့ခွဲအုပ်ချုပ်သော ကျောက်ပန္တု (နတလ) ကင်း စခန်း အား မှုးယစ်ဆေးဝါးများသိုလှောင်ထားသည်ဟု အရပ်သားတစ်ဦး၏ သတင်းပေးချက်အရ အမှတ်(၂) နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး
တင့်ဇော်ဦးမှ သွားရောက်ရှာဖွေရာ ကင်းစခန်း၏ စားဖိုခန်းမြေအောက်ထဲတွင် ဝှက် ထားသော မှုးယစ် ဆေးဝါး(၃၀၀၀၀၀)အားသိမ်းဆေးဖမ်းဆီးရမိ သဖြင့် ကင်းစခန်းမှူး ရဲတကမောင်မောင်လေးပါ တပ်ဖွဲ့ဝင် (၇)ဦး အား ဖမ်းဆီးပြီးဥပဒေအရအရေးယူနိုင်ရေး အတွက် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့
ကျီးကန်းပြင်သို့ ခေါ်ယူပြီး ချုပ်နှောင်ထားသည်ဟု သိရှိရ

အဆိုပါ  မှုးယစ်ဆေးဝါးများ ရောင်းဝယ်ပြုလုပ်နေသော ကိစ္စများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အုပ်ချုပ်နေသော အထက်လူကြီးတွေလည်းပါဝင် ပါတ်သတ်နေ တယ်လို့ သိရှိရ ပီး ၂၀၁၅ ခုနှစ်..အေပြီလအတွင်းက မူးယစ် ဆေးဝါး ၁သိန်းကျော်ဖမ်းဆီးရမိဖြစ်စဉ်တွင်လည်း ဘင်္ဂလီ တရားခံ (၂) ဦးအား ပြန်လည်စေလွတ်ပေးခဲ့ပီး
ရဲစခန်းတွင် ပိုင်ရှင်မဲ့ဟုဆိုကာ အမှုဖွင့်လှစ်ခိုင်း သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပီး ထိုဖြစ်စဉ် အား ရွှေတံခါးမှူး မီဒီယာမှ ဓါတ်ပုံအထောက်အထားများဖြင့် ရေးသားတင် ပြခဲ့ပီးဖြစ်သည့်အတွက်ထိုဖြစ်စဉ်အား စုံခုံဖွဲ့ စစ်ဆေး ခံရပီးလည်းဖြစ်ပါတယ်..ယခုအခါတွင် မူ မူးယစ် ဆေးဝါး အမြောက်အများကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထံမှ ဖမ်းဆီးရမိခဲ့သည့် အတွက် ဆက်နွယ်နေမှုများအား
သေခြာစွာ စုံစမ်းဖော်ထုတ်ရန် လိုအပ်နေပီဖြစ်ပါ ကြောင်း နှင့်ပါဝင်ပက်သက်နေသူ အုပ်ချုပ်သူ အရာရှိ များအားလည်း ထိရောက်ပြင်းထန်သော အပြစ် ဒဏ်များ ပေးအပ်နိုင်ရေးအတွက် ရေးသားတင်ပြလိုက်ရပါတယ်..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: