Leave a comment

ဆရာဝန် နှစ်ထောင်ခန့် အလုပ်ခန့်မည်ဟု ကျန်းမာရေး ဝန်ကြီးပြောကြား

image

နေပြည်တော်၊ ဇူလိုင် ၂၆

ကျန်မာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံများတွင် ဆရာဝန်လိုအပ်ချက်များအရ ဆရာဝန်ဦးရေ နှစ်ထောင် ခန့် ကို နှစ်လအတွင်းခန့်အပ်သွားမည် ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

ဇူလိုင်လ ၂၆ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦး အေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဆေးဝါးနှင့် ဆရာဝန်အရေအတွက် အပြည့်အစုံဖြင့် ခုတင် (၁၀၀) ဆံ့ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိမေးမြန်းရာတွင် ၎င်းက ယင်းသို့ထည့်သွင်း ဖြေ ကြား ခြင်း ဖြစ်သည်။

ဆေးရုံများတွင် ဆရာဝန်လိုအပ်ချက်များနှင့် အသစ် တည်ဆောက်ပြီးစီးထားသည့်ဆေးရုံများတွင် ခန့်အပ်ရန် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆရာဝန်လိုအပ်ချက်သည် အသစ်တည်ဆောက် သည့် ဆေးရုံနှင့် နယ်မြို့များအတွက်သာမက နေပြည်တော်ရှိ ဆေးရုံကြီးများတွင်လည်း ဆရာဝန်လုံလောက်မှုမရှိ သော ကြောင့် ကုသရေးတွင် လူနာများအတွက်နစ်နာမှုများ လက်ရှိတွေ့ကြုံနေရကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးကမှတ်ချက်ပြု သည်။

ယင်းကဲ့သို့လိုအပ်ချက်များအပြင် ရောဂါရှာဖွေရေး အတွက် လိုအပ်သည့် စက်ပစ္စည်း၊ လူနာအသုံးအဆောင် ပစ္စည်းများပါ လိုအပ်လျက်ရှိနေပြီး အစိုးရသစ်လက်ထက် တွင် အထက်အရာရှိများအနေနှင့် စစ်ဆေးကြည့်ရှုခြင်း ပင်မရှိသေးကြောင်း ၎င်းကထပ်လောင်းပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: