Leave a comment

“အကြမ်းဖက် ၀ါဒနှင့် အစ္စလာမ် လုံးဝ ဆန့် ကျင် ကြောင်း” မီးမောင်း ထိုးပြ သည့် စာအုပ် ထွက်ပြီ

မေဦး
သြဂုတ် ၄၊ ၂၀၁၆
Myanmar Muslim Media

အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်ဝါဒတွေဟာ အစ္စလာမ်နဲ့ လုံးဝဆန့် ကျင်ကြောင်း ကို မီးမောင်း ထိုးပြထားတဲ့ “အကြမ်းဖက်ဝါဒနှင့် အသေခံဗုန်းခွဲခြင်းတို့ကို ဆန့်ကျင်သည့် ဖသ်ဝါ ဓမ္မသတ် များ” စာအုပ်ကို စာရေးဆရာ ၀ါးခယ်မ   မောင်မင်းနိုင်က ပြန်ဆိုရေးသားလိုက်ပါပြီ။

“ခေတ်တိုင်းခေတ်တိုင်းမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်တာတို့ အသေခံဗုန်းခွဲတာတို့ကို လုံးဝအားမပေးတဲ့အကြောင်း လုံးဝတားမြစ် ထား တယ်ဆိုတဲ့အကြောင်းကို နောက်ပိုင်းခေတ်အဆက်ဆက် ဂန္ဓ၀င်ပညာရှင်တွေရော   နောက်ပိုင်း   ခေတ်ပြိုင် ပညာရှင်တွေအားလုံး ရဲ့အဆိုအမိန့်တွေပါသလို ကမ္ဘာမွတ်စလင်မ်အဖွဲ့အစည်းတွေရဲ့ ဒီနေ့ယုံကြည် စိတ်ချရတဲ့ အလ်အဇ်ဟရ်တို့အပါအ၀င် အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်အဖွဲ့အစည်းတွေ ပညာရှင်တွေ ရဲ့ ခေတ်ပြိုင် အဆိုအမိန့်တွေအားလုံး အခန်းပေါင်း ၁၈ ခန်းမှာ နောက်ဆက်တွဲ သုံးခုနဲ့ အကျယ်တ၀န့်ရေးသား ထားတာဖြစ် ပါတယ်” လို့ ဆရာဝါးခယ်မမောင်မင်းနိုင်က စာအုပ်ပါအကြောင်းအရာတွေကို အနှစ်ချုပ်ရှင်းပြပါ တယ်။

ဒီစာအုပ်ကတော့ ကမ္ဘာပေါ်မှာ အင်မတန်ထင်ရှားကျော်ကြားတဲ့ အစ္စလာမ့်သုတေသီ ရှိုင်ခိုလ်အစ္စလာမ်ဘွဲ့ရ ဒေါက်တာ မုဟမ္မဒ် တွာဟီရွလ်ကာဒရီ ရဲ့ Fatwa On Terrorism And Suicide Bombings စာအုပ်ကို ဆရာဝါးခယ်မမောင်မင်းနိုင်က ပြန်ဆိုထားတာပါ။

“ဒီစာအုပ်ကိုတော့ သေသေချာချာ ဖတ်ရှုနိုင်ရင် ပိုကောင်းတယ်။ အသေးစိတ်ဒီမှာ သုသေသနလုပ်တင်ပြထား တဲ့အတွက် ဒီလို စမ်းတ၀ါးဝါးနဲ့ ပိုင်ပိုင်နိုင်နိုင်မသိဘဲနက် ဒီလိုလက်လွတ်စပယ်ပြောတာတွေဟာ မှားယွင်းတယ်။ တကယ့်အချက်အလက် အခြေအမြစ် ခိုင်မာစွာနဲ့ ရေးသားထားတဲ့အစ္စလာမ်ဘက်ကရေးသားချက်တွေကို ဖတ်ရှုသင့် တယ်။ လေ့လာသင့် တယ်။   လေ့လာပြီး   နောက်ပိုင်း မှာလည်း အစ္စလာမ်သည် တကယ်ငြိမ်းချမ်းရေးနဲ့ဘေးကင်း လုံခြုံမှုကိုပေးတဲ့ဘာသာတရားဆိုတာကို သဘောပေါက်နားလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ရေးသားခြင်းဖြစ်ပါတယ်” လို့ စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင် ကဆိုပါတယ်။

တမန်တော်မုဟမ္မဒ်သခင်ခေတ်ကစပြီး တမန်တော်မြတ်ရဲ့နောက်ပိုင်းမှာ တရား၊ သီလ၊ သမာဓိနဲ့ တရားသဖြင့် အုပ်ချုပ်ခဲ့တဲ့ ခလီဖာဟ် သမ္မတကြီး လေးပါးခေတ်အထိ၊ နောက်ပိုင်းခေတ်ဖြစ်တဲ့ ကျောင်းတော်ဝါဒတွေမှာလည်း အကြမ်းဖက် မှုများ ကို ခေတ်အဆက်ဆက်ရှုံ့ချခဲ့ကြောင်း အဆိုပါစာအုပ်မှာ လေ့လာနိုင်ပါတယ်။

“အကြမ်းဖက်ဝါဒနှင့် အသေခံဗုန်းခွဲခြင်းတို့ကို ဆန့်ကျင်သည့် ဖသ်ဝါ ဓမ္မသတ်များ”စာအုပ်ကို ဖတ်ရှုလိုသူတွေအနေနဲ့ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ်ရုံး (အမှတ်- ၁၈၃၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။ ဖုန်း – ၂၅၂၆၀၈၊ ၃၈၉၇၈၆) မှာ တစ်အုပ်ကို ၃၆၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပါပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: