Leave a comment

လေးကြိမ်မြောက် မြန်မာ မွတ်စလင်မ် ဂျီနိုဆိုက် ညီလာခံ အား တိုက်ရိုက် ထုတ်လွှင့်မည်

image

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် များအား လူမျိုးပြုန်းနှိပ်ကွပ် ရန်ကြံ စည်နေသည့် ကိစ္စနှင့် ပတ်သက် ပြီး အသိတရားမျှဝေရန် ရည်ရွယ်သည့် ညီလာခံတစ်ရပ် အား အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆နာရီမှ ည ၁၀နာရီ အကြား ကျင်းပမည် ဖြစ်ပါသည်။
ယခုညီလာခံအား နိုဘယ်လ်ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရ တောင်အာဖရိကနိုင်ငံမှ ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ဘင်္ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် နိုဘယ်လ် ဆုရှင် ဒေါက်တာ အမတ္တယာဆဲန် တို့အပါ အ၀င် နိုဘယ်လ် ဆုရှင်ပေါင်း ခြောက်ဦးက ထောက်ခံ ကမကထ လုပ် စီစဉ်ခြင်းလည်း ဖြစ်သည်။
အမေရိကန်ရောက် မြန်မာမွတ်စလင်မ် အသင်း (Burmese American Muslim Association B.A.M.A ) က ကမကထလုပ် ကျင်းပ သည့် အဆိုပါ ညီလာခံသို့ ကုလ သမဂ္ဂ အတွင်း ရေးမှုချူပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် ဟောင်း ပါမော က္ခ တောမတ်စ်အိုဟေး ကင်တားနား အပါအ၀င် အထူးဧည့်သည်တော် ခြောက်ဦး တက်ေ ရာက် ဆွေးနွေးပြောကြားပြီး မေးခွန်းများ မေးဖြေခြင်း အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။
———————————-
ပါဝင်ဆွေးနွေးဟောကြားမည့် ပုဂ္ဂိုလ်များ
———————————
၁။ ပါမောက္ခ တောမတ်စ်အိုဟေး ကင်တားနား
( ကုလသမဂ္ဂအတွင်းရေးမှုးချူပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထုး ကို်ယ်စား လှယ်ဟောင်း။)
၂။ ဒေါက်တာ ဂရီဂိုရီ အိပ်ခ်ျ စတင်တန်
( ဥက္ကဋ္ဌ၊ ကမ္ဘာ့လူမျို်းတုန်းသုတ်သင်မှုစောင့်ကြည့်ရေးအဖွဲ့ Genocide Watch)
၃။ ဒေါက်တာမောင်ဇာနည်
၎။ ဦးရွှေမောင်
(ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မြေ ရိုဟင်ဂျာလွှတ်တော်အမတ်ေ ဟာင်း။)
၅။ ဦးဌေးလွင်ဦး
(Myanmar Muslims Civil Rights Movement)
၆။ မစ္စတာ မက်သယူးစမစ်သ်
( ညွှန်ကြားရေးမှုး Fortify Rights )
——-
အချိန်
——-
ကျင်းပမည့်အချိန်မှာ မြန်မာ စံတော်ချိန်နှင့် ဆိုလျှင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်( တနင်္ဂနွေနေ့နံနက်) လင်းအားကြီးအချိန် နံနက် ၄နာရီ ၃၀မိနစ် မှ ၈နာရီ ၃၀မိနစ် အကြား ဖြစ်သည်။
—–
နေရာ
——
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ ကာလ်ဗာ စီးတီး ရှိ Culver City Senior Center, 4095 Overland Avenue, Culver City, CA 90232 တွင် ကျင်းပမည်ဖြစ် ပါသည်။
မိမိတို့ ဆန္ဒအလျောက်ပါဝင် လုပ်အားပေးလိုသူများ အနေဖြင့် အဆိုပါအချိန်မတိုင်ခင် တွင် စောပြီး အဆိုပါ နေရာသို့အရောက်လာပြီး လုပ်အားပေး ကူညီနိုင်ပါရန် နှိုးဆော်ပါ သည်။
မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ စောင့်ကြည့်ရှုစားလို သူ များ အတွက် အင်တာနက် မှ တိုက်ရိုက် Live Stream ထုတ်လွှင့်မည်ဖြစ်သည်။ စောင့်ကြည့်ရှုစားလိုသူများအနေဖြင့် http://www.ba-ma.org/ တွင် ဖော်ပြထားသည့် အချိန်နှင့် ကိုက်ပြီး သွားရောက်ကြည့် ရှုနိုင်ကြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: