Leave a comment

ယခင် ​စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် ဟောင်း ဒေါက်တာ စိန်ဝင်း မြန်​မာနိုင်​ငံသို့ ပြန်​လာမည်

image

နှစ်ပေါင်း ၂၆ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာ တော့မည့် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ဖြစ်​တယ်​။

ပြည်ပရောက် ဒီမိုကရေစီ တိုက်ပွဲဝင် ခဲ့သူများ ဂုဏ် သိက္ခာ ရှိစွာ ပြန်လာနိုင်ရေး အတွက် သတင်းမီဒီယာများ၊ လူမှုကွန် ရက် များမှာ ကျယ်လောင်စွာ ဝေဖန်ပြော ဆို နေမှုများ ပျံ့နှံ့နေချိန်တွင် စစ်အာဏာရှင် လက်ထက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိပြီး အာဏာမလွှဲ အပ်ခဲ့မှုအပေါ် နှစ်ပေါင်းဆယ်ချီကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်းပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဒေါက်တာ စိန်ဝင်း သည် အမိမြန်မာနိုင်ငံသို့ ဂုဏ် သိက္ခာ ရှိ စွာ မကြာခင် ပြန်လည် ၀င်ရောက်ခွင့် ရရှိခဲ့လေပြီဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းများအရ သိရှိရပါသည်။

ဒေါက်တာစိန်ဝင်းသည် ဗိုလ်ချုပ် အောင်ဆန်း ၏ အစ်ကို ကြီးဖြစ်သူ အာဇာနည်ခေါင်းဆောင် ဦးဘ၀င်း၏ သားဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သူလည်း ဖြစ်ပါသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်အောက်ခံပါတီ တစ်ခု ဖြစ်သော အမျိုးသား ဒီမိုကရေစီပါတီကို ဖွဲ့စည်းဦး ဆောင်ခဲ့သူဖြစ်ပြီး ပဲခူးတိုင်းပေါက်ခေါင်း မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။ ထိုစဉ်က စစ်အာဏာရှင်များ အနေဖြင့် NLD ပါတီအား တရားမ၀င် ဖျက်သိမ်းခဲ့ မည်ဆိုပါက ချက်ချင်း ပါတီအစားထိုး ရပ်တည်နိုင်ရန် မဟာဗျူဟာ ချမှတ်ပါဝင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါသည်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိ ခဲ့ပြီးနောက် စစ်အာဏာရှင် အစိုးရမှ အာဏာမလွှဲအပ်ဘဲ အမတ်များ ကို ဖမ်းဆီးချိန်တွင် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၄င်းနှင့်အတူလိုက်ပါ လာခဲ့သည့် NLD ပါတီအနိုင်ရ လွှတ်တော်အမတ်များ စုစည်းလျှက် စင်ပြိုင်အစိုးရ တစ်ရပ် ဖွဲ့စည်းတည် ထောင်ကာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း  ဖြစ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အား နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားစဉ်ကာလ တစ်လျှောက် လုံး ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖိနှိပ်ခံနေရ သည့် မြန်မာ နိုင်ငံအကြောင်းကို တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်ရေးနှင့် မြန်မာနိုင်ငံတွင် စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကား ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။

၂၂ နှစ်အကြာ ၂၀၁၄ ခုနှစ် စက်တင် ဘာလ ၁၂ ရက် နေ့တွင် စင်ပြိုင်အစိုးရကို ဖျက်သိမ်းခဲ့ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်း လဲရေး ပြုလုပ်နေသည့် အမိနိုင်ငံသို့ ပြန်လာနိုင်ရန် စောင့်ဆိုင်းနေခဲ့သည်။

ယနေ့အချိန်အခါတွင် အစိုးရသစ် အနေဖြင့် ယခင်အစိုးရ လက်ထက် Blacklist စာရင်းသွင်းထားခဲ့သူ ၈၀၀ ကျော်အား တရားဝင် ပယ်ဖျက်လိုက်နိုင် ခဲ့ပြီဖြစ်ပြီး အဆိုပါ စာရင်းများအရ ဒေါက်တာစိန်ဝင်း တစ်ယောက် လည်း အမိမြန်မာနိုင်ငံဆီသို့ ပြန်လည်ဝင် ရောက်နိုင် တော့မည် ဖြစ်ပါသည်။ မကြာမီ ပြန်လည်ဝင်ရောက် လာမည့် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် စင်ပြိုင်အစိုးရ အဖွဲ့ဝင်များအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးကိုယ်တိုင် ကြိုဆိုမည်ဟုလည်း NLD ပါတီဘက်မှ သတင်းများ ထွက်ပေါ်လျက်ရှိနေ ပါသည်။

               သားလေး
# credit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: