Leave a comment

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို DHRP က ကြိုဆိုကြောင်း သဘောထား ထုတ်ပြန်

image

image

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို DHRP က ကြိုဆိုကြောင်း သဘောထား ထုတ်ပြန်

ဟိန်းအောင်
သြဂုတ် ၂၆၊ ၂၀၁၆

ဒေါ်အောင်ဆန်းစုကြည်စီစဉ်ဖွဲ့စည်းပေးသည့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် အားကြိုဆိုကြောင်းနှင့်လို အပ်သည်များပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP)က သဘောထား ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန် လိုက် သည်။

“အကြံပေးကော်မရှင်အဖွဲ့သည် ရခိုင်ပြည် နယ်မှ ၃ သန်းခွဲ ခန့်ရှိသော ပြည်သူအားလုံးတန်းတူအခွင့်အရေး ရရှိရေး အပြန်အလှန်လေးစားယုံကြည် လက်ခံလာရေး စိုးရိမ်သောကကင်းပြီး လုံခြုံမှုအပြည့်အ၀ရရှိကာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးကို ဖေါ်ဆောင် ပေးနိုင်မည်ဟုယုံကြည်ပါသည်”ဟုလည်း အချက် ၉  ချက် ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ သဘောထား ကြောညာချက်တွင်ဖေါ်ပြပါရှိသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပါတီသည် ရခိုင်ပြည် နယ်အတွင်းရှိ ရိုဟင်ဂျာ လူမျိုး များ လူ့အခွင့်အရေး ရရှိရေးအတွက် အစဉ်တစ်စိုက်တောင်းဆို ဆောင်ရွက် နေသည့်ပါတီတစ်ခုလည်းဖြစ်ပြီး ၂၀၁၅ ရွှေးကောက်ပွဲ တွင် ကိုယ်စားလှယ် လောင်း ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်ရသူမရှိခဲ့ပေ။

နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ်လ ၂၄ ရက်နေ့ တွင်ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင် တွင် ကုလအတွင်းရေးမှူးချုပ်ဟောင်း နှင့်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကိုဖီအာနန် ဥက္ကဌ အဖြစ်ဆောင်ရွက်မည့် အဖွဲ့ဝင် ၉  ဦးပါအဖွဲ့အား ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)နှင့် မ.ဘ.သ လိုလားသူ အမျိုးသား တိုးတက် မြင့်မားရေး ပါတီ တို့က ကန့်ကွက်ကြောင်းကြေညာချက် များအသီးသီးထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်စီစဉ်ဖွဲ့စည်း ပေးသည့် ရခိုင်ပြည် နယ်ဆိုင်ရာအကြံ ပေးကော်မရှင်အဖွဲ့ဝင် များသည် ဂုဏ်သိက္ခာရှိသူများဖြစ်သည့်အတွက်အမှန် တရားကို ဖုံးဖိထိန် ချန်ရန်ကြိုးစာမည်  မဟုတ်ကြောင်း ယင်း အဖွဲ့ဝင် ဦးမေဟုတ်သည့်အပြင် အခြေအနေမှန် များ ကိုလည်း၏ပုံပျက်ပန်းပျက်တင်ပြမည့်သူများအးလွင် က Myanmar Muslim Media သို့ပြောကြား ထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: