Leave a comment

“ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား ဥက္ကဌခန့်အပ်ရတဲ့ အကြောင်း ဦးဇော်ဌေး ရှင်းလင်းပြီ”

နေပြည်တော် သြဂုတ် ၂၆။
ရခိုင်ပြည်နယ်အရေးကိုစနစ်တကျဖြေရှင်းဖို့  သြဂုတ်လ ၂၄ရက်နေ့က အသစ်ဖွဲ့စည်းလိုက်တဲ့ အကြံပေးကော်မရှင် မှာနိုင်ငံခြားသားကို ဥက္ကဌ အဖြစ်ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာတဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံး ၀န်ကြီးဌာနပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးကအခုလို တုံ့ ပြန်လိုက်ပါတယ်။
ဦးဇော်ဌေးက ” ကျွန်တော်တို့ မည်သို့ ပင် ငြင်းဆန်စေကာမူ နိုင်ငံတကာရဲ့ဖိအားရှိပါတယ်။
နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုတွေရှိပါတယ်။ နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှုတွေကို ပြီးခဲ့တဲ့ကိစ္စတွေမှာ အထင်အရှား   တွေ့ မြင်နိုင် ပါတယ်။ အဲ့တော့ သည်အဖွဲ့က အကြံပြုတင်ပြချက်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ဆင့် အစိုးရကို တင်ပြဖို့ ပဲ ဖြစ် ပါတယ်။
အဲ့တော့ ဘာလုပ်ပါ ဘာလုပ်ပါ ဆိုပြီးသည်ကော်မရှင်ကပြောလို့ မရပါဘူး ။”လို့ ဆိုပါတယ်။
ဝေဖန် နေသူတွေ အနေနဲ့ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က အကြံပေးရုံသက်သက်ဖြစ်တယ်ဆိုတာကို စဉ်းစားကြဖို့ လည်း ဦးဇော်ဌေး က ပြော ပါတယ်။နိုင်ငံတကာ ဖိအားတွေရှိနေတာကြောင့်နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ် ကိုအခုလို အကြံပေးအဖြစ် ခန်အပ်ခဲ့ တာလည်းဖြစ်ပါတယ်။အကြံပေးကော်မရှင်မှာနိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်တဲ့ ကုလ သမ္မဂ အတွင်းရေးမှုးဟောင်း
မစ္စတာကိုဖီအာနန်ကို ဥက္ကဌ အဖြစ်ခန့် အပ်ခဲ့တာပါ။
သည်ကော်မရှင် ကို အစိုးရဖြစ်ခဲ့ဖူးတဲ့ ပြည်ခိုင်းဖြိုးပါတီနဲ့  လက်ရှိ အစိုးရကို အတိုက်ခံအဖြစ်ရပ်တည်မယ် လို့  ကြေညာ ထားတဲ့ ရခိုင် အမျိုးသားပါတီ တို့ က ကန့် ကွက်တယ်ဆိုပြီး သည်ကနေ့ ပဲ ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
Source: Kumudra
Author/photo -ဖေသက်ထက်ခင်

Leave a comment